ချိန်တော့ ကိန်း၊ အိုဆင်ဟမ်၊ တကယ် ကမ်းလှမ်းတော့ အသက် ၂ဝ အရွယ် မနူးမနပ် တိုက်စစ်မှုးလေး
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန္တာအသင်း တိုက်စစ်မှူး ရက်စ်မက်စ် ဟာဂျ်လန်း အတွက် ပေါင်၃၁သန်းနဲ့ ကမ်းလှမ်းမှု စတင် ပြုလုပ်ခဲ့ပြီး ငြင်းဆန် ပယ်ချ ခံခဲ့ရကာ ရောင်းနိုင်မယ့် ဈေးပါ အသိပေးခြင်း ခံလိုက်ရပါတယ်။
ယူနိုက်တက်အသင်းဟာ မေဆင်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဂိုးသမား အိုနာနာကိုလည်း အင်တာမီလန်ကနေ ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။
အပြောင်းအရွှေ့ဘက်ဂျက်က အကန့်အသတ်နဲ့သာ အသုံးပြုနေရတဲ့အခြေအနေမှာ ယူနိုက်တက်ဟာ ပေါင် သန်း၁၀၀ အနည်းဆုံးအသုံးပြုရမယ့် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်း၊ နာပိုလီတိုက်စစ်မှူး အိုဆီမန်တို့လို ကစားသမားတွေ ကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။
ဒါကြောင့် အသက်၂၀ အရွယ် ဒိန်းမတ်လူငယ်တိုက်စစ်မှူးလေးဖြစ်တဲ့ ဟာဂျ်လန်း က နည်းပြ တန်ဟတ်အတွက် ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။
အီတလီကလာတဲ့ နောက်ဆုံးသတင်းတွေ အရ အတ္တလန္တာအသင်းဟာ ယူနိုက်တက်ရဲ့ ပေါင်၃၁သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ပေါင် ၃၄သန်းနဲ့ ၃၉သန်းကြား တောင်းဆိုထားတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်အသင်းက အဆိုပါတိုက်စစ်မှူးလေးရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဟာဂျ်လန်း ဟာ စီးရီးအေပထမဆုံးရာသီမှာ ၃၂ပွဲကစားပြီး ၉ဂိုးသွင်းယူနိုင်ခဲ့ကာ အိုးထရက်ဖို့ဒ်ထံ ပြောင်းလာချင်ကြောင်း ဝန်ခံထားသူတစ်ဦး ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဟာဂျ်လန်း သာ မရရင် အရန်ပစ်မှတ်အဖြစ် ပေါ်တိုတိုက်စစ်မှူး တာရီမီကို သတ်မှတ်ထား ခဲ့ပါတယ်။