ဒိုလေး အသင်း ဝင်ပါလာတဲ့ အိုနာနာ၊ မေဆင်မောင့် ကျောနံပါတ်၊ ၁ဝ သန်းပဲ လိုနေတဲ့ တိုက်စစ်မှုးနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ

စီ ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီကလပ် အယ်နာဆာ အသင်းကလည်း အင်တာမီလန် ဂိုးသမား အိုနာနာ ကို စိတ်ဝင်စားလာခဲ့ပြီး မန်ယူနိုက်တက်ကတော့ အိုနာနာ အတွက် ယူရို သန်း ၄ဝ နဲ့ ကမ်းလှမ်းထားကြောင်း သတင်း ထွက်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် ကို မနေ့က ဆေးစစ်မှု ပြုလုပ် ပြီးစီး ခဲ့ပြီး မကြာခင်မှာ အတည်ပြု ကြေညာတော့မှာ ဖြစ်ပါတယ်။

မေဆင်မောင့် ဟာ ကျောနံပါတ် ၁၉ ကိ ုဝတ်ဆင် မှာ ဖြစ်ပြီး လက်ရှိ ၁၉ ပိုင်ရှင် ဗာရန်း ကတော့ ဖီးလ်ဂျုံးစ် ရဲ့ နံပါတ် ၄ ကို ပြောင်းလဲ ဝတ်ဆင်မယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ပစ်မှတ် အဖြစ် သတင်းကြီးခဲ့တဲ့ ကွင်းလယ် ကစားသမား အမ်မရာဘတ် အတွက် ဘာကမ်းလှမ်းမှုမှ မရသေးကြောင်း ဖီအိုရင်တီးနား စီအီးအို Joe Barone က ထုတ်ဖော် ပြောဆိုလာပါတယ်။

အတ္တလန်တာအသင်းဟာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ရေး မန်ချက်စတာ ယူနိုက်တက်ရဲ့ ယူရို ၃၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး နောက်ထပ် ၁ဝ သန်း ပို ရဖို့ အလိုရှိနေပါတယ်။

နည်းပြတန်ဟက်က ကလပ်ကြယ်ပွင့် အာမက် ဒီယာလိုကို ရာသီကြိုမှာ သေချာလေး သုံးကြည့်ပြီး နောက်ရာသီမှာ စီနီယာပွဲကစားခွင့် အခွင့်အရေးတွေ ပေးဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူခြင်းမရှိတဲ့ ဆာဘစ်ဇာကို ယူရို ၁၇ သန်း ဝန်းကျင်ဖြင့် ဒီနွေမှာ ရောင်းထုတ်ဖို့ ဘိုင်ယန်မြူးနစ်တို့ ရည်ရွယ်နေပါတယ်။