နှုတ်ဆက်သွားတဲ့ ဒီဂီယာ၊ အစားထိုးနိုင်သူနဲ့ မန်ယူ တကယ် ဦးစားပေးရမယ့် ကိစ္စ အား ဖာဒီနန် မှတ်ချက်ပြု
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ ဇွန်လ ၃၀ ရက်နေ့ထိ အသင်းနဲ့ စာချုပ် သက်တမ်း မတိုးနိုင်ခဲ့တဲ့နောက် အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ရပါပြီ။
မန်ယူက စာချုပ်သစ်အတွက် ဆွေးနွေးချင်သေးပေမယ့် ဖြစ်နိုင်ခြေ နည်းပါးတာကြောင့် ယူနိုက်တက်တို့ အခြား ဂိုးသမားတွေကိုလည်း စောင့်ကြည့်နေကြပြီး အင်တာ မီလန် မှ အိုနားနား ဟာ လက်ရှိ ဦးစားပေးပစ်မှတ် ဖြစ်နေခဲ့ရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် က ဒီဂီယာနဲ့ အသင်း အခြေအနေနဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပြု လာခဲ့ပါတယ်။
” နည်းပြက ဂိုးသမားသစ် တစ်ယောက်ကို လိုချင်နေခဲ့တာပါ ။ ပိုကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေတောင် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာဖို့ အပြောခံ ခဲ့ရသေးတာပဲ ။ ဒါလည်း အဆင်ပြေမှာပါ ။ ဒေးဗစ်ဖက်မှလည်း အဆင်ပြေမှာပါ ။ ဒါပေမဲ့ အဲ့တာကို ပြောနိုင်ဖို့ အတွက်တော့ နည်းလမ်းရှိဖို့ လိုပါတယ် ”
” အခုအသင်းကို ဘယ်သူလာမလဲဆိုတာကို ကြည့်ရပါ့မယ် ။ အိုနားနား ကတော့ 100% ပြည့်စုံသူပါ ။ သူ ချန်ပီယံံလိဂ် ဆီမီး ဖိုင်နယ်မှာ ကစားခဲ့တာကို ကျွန်တော် ကြည့်ဖူးပါတယ် ။ သူ့ရဲ့ ယုံကြည်မှု ပြည့်ဝနေပုံက တကယ့်ကို သဘောကျစရာပါပဲ ”
” သူ့အကြောင်း အက်ဒ်ဝင် ဗန်ဒါဆား နဲ့လည်း ခနခနဆိုသလို မေးဖူးခဲ့ပါတယ် ။ သူဟာ ဂိုးသမားကောင်းဖြစ်တာကို အေဂျက်ဇ် မှာ ကတည်းက ဗန်ဒါဆား သိနေခဲ့ပါတယ် ။ သူ အသင်းကို ရောက်လာရင် ကျွန်တော် ကြည်နူးမိမှာပါ ။ ဒါပေမဲ့ အခု နံပါတ်တစ် ဖြစ်ရမှာက နံပါတ် ၉ တိုက်စစ် ကစားသမားပါပဲ ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။