ဈေးချိုတဲ့ ဂိုးသမား ပစ်မှတ်၊ မောင့် မိတ်ဆက်ခြင်း၊ အမ်မရာဘတ် ပေါင် သန်း ၃ဝ နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့မှာ ပဲ မေဆန်မောင့် ကို ကစားသမားသစ် အဖြစ် မိတ်ဆက် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

ငယ်ဘဝ ကလပ်ကို စွန့်ခွာခဲ့ရတာ ခက်ခဲတယ်လို့ မောင့်က ဝန်ခံခဲ့ပြီး အဓိက ဆုဖလားကြီးတွေ မန်ယူနဲ့အတူ ရယူမယ် လို့ မိတ်ဆက် အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

မေဆန်မောင့်ကို ခေါ်ယူအားဖြည့်ထားတဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအတွင်း ထင်ပေါ်လာတဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူဖို့ ထပ်မံချဉ်းကပ်နေကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အင်တာမီလန်ရဲ့ အိုနာနာအပြင် တခြားသော ရွေးချယ်စရာတွေကို ရှာဖွေနေပြီး ဘရိုက်တန် ဂိုးသမား ရောဘတ်ဆန်းချက်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

ဆန်းချက်ဟာ ပေါင်သန်း၃၀ ဝန်းကျင် ကုန်ကျစေမှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ယခင်ပစ်မှတ်ဖြစ်တဲ့ အိုနာနာထက် ပိုပြီးဈေးသက်သာတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။

မန်ယူ ခေါ်ဖို့ နောက်ဆုတ်ထားတဲ့ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ဟာ ပထမအကြိမ် ကမ်းလှမ်းမှု ငြင်းပယ်ခံထားရပေမယ့် ပေါင် သန်း ၈၀ တန် ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။