ဘန်လေက ကံကောင်းပြီး သရေ တစ်မှတ် ရသွားတာလို့ မကျေမချမ်း ဆိုလာတဲ့ ချယ်ဆီးနည်းပြ တူချယ်

ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ်က ဘန်လေအသင်းဟာ ယနေ့ညက ပွဲစဉ်မှာ ကံကောင်းပြီး အမှတ် လုယူ သွားနိုင်ခဲ့တယ်လို့ ညည်းညူ ပြောဆိုခဲ့ပါတယ်။

ညကပွဲမှာ ပထမပိုင်းအတွင်း တူချယ်ဟာ ဘာကာလေကို ဘန်မီး ကစားပုံ ကြမ်းခဲ့တဲ့အပေါ် နည်းပြ ရှောင်ဒိုက်ချ်နဲ့ ၂ဦးကြား စကားများခဲ့ကြပါသေးတယ်။

ကိုင်ဟားဗက်ဇ်ရဲ့ ဂိုးနဲ့ ချဲလ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဗိုင်ဒရာရဲ့ မထင်မှတ်တဲ့ ချေပဂိုးကြောင့် ဘန်လေတို့ အဝေးကွင်းမှာ အဖိုးတန် သရေ ၁မှတ် ရရှိခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ အဆိုပါ ပွဲစဉ်အတွင် ကန်ချက် ၂၅ကြိ မ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ အခွင့်အရေးတွေကို တိုက်စစ်ကစားသမားတွေ ဖြုန်းတီးပစ်ခဲ့ပါတယ်။

တူချယ်က ”ဘန်လေက ကံကောင်းခဲ့တာပါ။ ဒါကဘောလုံးပါပဲ။ ကျွန်တော်တို့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကံကောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း လူတိုင်းက ဘောလုံးကို ချစ်နေကြတာပါ။ တစ်ခါတစ်လေကျ ဒီနေ့လိုပဲ တစ်ယောက်ယောက်က အမှတ်တွေ လုသွားနိုင်ပါတယ်။

ကျွန်တော်တို့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကံကောင်းခဲ့ပြီး ဒီနေ့ ရလဒ်ကောင်းရဖို့ သူတို့ ကံကောင်းခဲ့ပါတယ်။ တစ်ခါတစ်လေ ဒီလိုပဲ ဖြစ်တတ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ZG

ခ်ဲလ္ဆီး နည္းျပ ေသာမက္စ္ တူခ်ယ္က ဘန္ေလအသင္းဟာ ယေန႔ညက ပြဲစဥ္မွာ ကံေကာင္းၿပီး အမွတ္ လုယူ သြားႏိုင္ခဲ့တယ္လို႔ ညည္းညဴ ေျပာဆိုခဲ့ပါတယ္။

ညကပြဲမွာ ပထမပိုင္းအတြင္း တူခ်ယ္ဟာ ဘာကာေလကို ဘန္မီး ကစားပုံ ၾကမ္းခဲ့တဲ့အေပၚ နည္းျပ ေရွာင္ဒိုက္ခ်္နဲ႔ ၂ဦးၾကား စကားမ်ားခဲ့ၾကပါေသးတယ္။

ကိုင္ဟားဗက္ဇ္ရဲ႕ ဂိုးနဲ႔ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ႏိုင္ခဲ့ေပမဲ့ ဗိုင္ဒရာရဲ႕ မထင္မွတ္တဲ့ ေခ်ပဂိုးေၾကာင့္ ဘန္ေလတို႔ အေဝးကြင္းမွာ အဖိုးတန္ သေရ ၁မွတ္ ရရွိခဲ့ပါတယ္။ ခ်ဲလ္ဆီး အသင္းဟာ အဆိုပါ ပြဲစဥ္အတြင္ ကန္ခ်က္ ၂၅ႀကိ မ္အထိ ျပဳလုပ္ႏိုင္ခဲ့ေပမဲ့ အခြင့္အေရးေတြကို တိုက္စစ္ကစားသမားေတြ ျဖဳန္းတီးပစ္ခဲ့ပါတယ္။

တူခ်ယ္က ”ဘန္ေလက ကံေကာင္းခဲ့တာပါ။ ဒါကေဘာလုံးပါပဲ။ ကြၽန္ေတာ္တို႔ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ကံေကာင္းခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူတိုင္းက ေဘာလုံးကို ခ်စ္ေနၾကတာပါ။ တစ္ခါတစ္ေလက် ဒီေန႔လိုပဲ တစ္ေယာက္ေယာက္က အမွတ္ေတြ လုသြားႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ကံေကာင္းခဲ့ၿပီး ဒီေန႔ ရလဒ္ေကာင္းရဖို႔ သူတို႔ ကံေကာင္းခဲ့ပါတယ္။ တစ္ခါတစ္ေလ ဒီလိုပဲ ျဖစ္တတ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။