စနေနေ့ည ကစားမယ့် လက်စတာ-မန်စီးတီး ကွန်မြူနတီဒိုင်း ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်

၂၀၂၁-၂၂ ပရီးမီးယားလိဂ် ဘောလုံးရာသီအကြို အမှတ်ပေးချန်ပီယံနဲ့ ရှုံးထွက်ဖလားချန်ပီယံတို့ တွေ့ဆုံတဲ့ ကွန်မြူနတီဒိုင်း ပွဲကို ဩဂုတ် ၇ ရက်၊ ည ၁၀:၄၅၊ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ဆုံထားမှု ရလဒ်ကတော့ ဧပြီ ၃ တုန်းက လက်စတာ ဝ-၂ မန်စီးတီး ပွဲ ဖြစ်ပါတယ်။

လက်စတာ စီးတီးအသင်းဟာ အဓိကတိုက်စစ်မှူး ဗာဒီကို အသင်းမှာ ဆက်ထိန်းထားနိုင်သလို ဆောဘတ်က ပက်ဆန်ဒါကာနဲ့ ဆောက်သမ်တန် ဘယ်အစွန်နောက်ခံလူ ဘာထရန်းတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ချင်တဲ့ ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက ရာသီအစမှာ ဖလားတစ်လုံးရ‌အောင် ကြိုးစားပါလိမ့်မယ်။

မန်စီးတီးအသင်းကတော့ ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်နိုင်ပါပြီ။ ဟယ်ရီကိန်းကို ခေါ်ယူရေးအတွက် အသင်းနဲ့ ကစားသမား နှစ်ဖက်စလုံးက ကြိုးစားနေပေမယ့် အခုအချိန်အထိ မအောင်မြင်သေးပါဘူး။

ဒါပေမယ့် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရတဲ့ အခြေအနေ ဖြစ်လာတော့ မန်စီးတီးရဲ့ အပြောင်းအရွှေ့ ဦးစားပေးမှုတွေကလည်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အဂွဲရိုးနေရာမှာ အစားမထိုးနိုင်သေးတဲ့အတွက် အထောင်တိုက်စစ်မှူး နေရာမှာတော့ မန်စီးတီး အားနည်းပါလိမ့်မယ်။

ဘောလုံးရာသီအစ ပထမဦးဆုံး ကစားရတဲ့ပွဲဖြစ်လို့ နှစ်သင်းစလုံးအတွက် ပုံမှန်ခြေစွမ်းရနိုင်ရေး ခက်ခဲပါလိမ့်မယ်။ မိနစ် ၉၀ မှာ သရေကျမယ့်ပွဲပါ။

ခန့်မှန်းရလဒ် လက်စတာ ၁-၁ မန်စီးတီး ဖြစ်ပါတယ်။

ZG

၂၀၂၁-၂၂ ပရီးမီးယားလိဂ္ ေဘာလုံးရာသီအႀကိဳ အမွတ္ေပးခ်န္ပီယံနဲ႔ ရႈံးထြက္ဖလားခ်န္ပီယံတို႔ ေတြ႕ဆုံတဲ့ ကြန္ျမဴနတီဒိုင္း ပြဲကို ဩဂုတ္ ၇ ရက္၊ ည ၁၀:၄၅၊ ဝင္ဘေလကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ဆုံး ေတြ႕ဆုံထားမႈ ရလဒ္ကေတာ့ ဧၿပီ ၃ တုန္းက လက္စတာ ၀-၂ မန္စီးတီး ပြဲ ျဖစ္ပါတယ္။

လက္စတာ စီးတီးအသင္းဟာ အဓိကတိုက္စစ္မႉး ဗာဒီကို အသင္းမွာ ဆက္ထိန္းထားႏိုင္သလို ေဆာဘတ္က ပက္ဆန္ဒါကာနဲ႔ ေဆာက္သမ္တန္ ဘယ္အစြန္ေနာက္ခံလူ ဘာထရန္းတို႔ကို ေခၚယူအားျဖည့္ထားပါတယ္။ ဒီႏွစ္ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ဝင္ခ်င္တဲ့ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ အသင္းက ရာသီအစမွာ ဖလားတစ္လုံးရ‌ေအာင္ ႀကိဳးစားပါလိမ့္မယ္။

မန္စီးတီးအသင္းကေတာ့ ဂရီးလစ္ရွ္ကို ၿဗိတိန္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူလိုက္ႏိုင္ပါၿပီ။ ဟယ္ရီကိန္းကို ေခၚယူေရးအတြက္ အသင္းနဲ႔ ကစားသမား ႏွစ္ဖက္စလုံးက ႀကိဳးစားေနေပမယ့္ အခုအခ်ိန္အထိ မေအာင္ျမင္ေသးပါဘူး။

ဒါေပမယ့္ မက္ဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူလို႔ရတဲ့ အေျခအေန ျဖစ္လာေတာ့ မန္စီးတီးရဲ႕ အေျပာင္းအေ႐ႊ႕ ဦးစားေပးမႈေတြကလည္း အေျပာင္းအလဲ ျဖစ္ႏိုင္ပါတယ္။ အဂြဲ႐ိုးေနရာမွာ အစားမထိုးႏိုင္ေသးတဲ့အတြက္ အေထာင္တိုက္စစ္မႉး ေနရာမွာေတာ့ မန္စီးတီး အားနည္းပါလိမ့္မယ္။

ေဘာလုံးရာသီအစ ပထမဦးဆုံး ကစားရတဲ့ပြဲျဖစ္လို႔ ႏွစ္သင္းစလုံးအတြက္ ပုံမွန္ေျခစြမ္းရႏိုင္ေရး ခက္ခဲပါလိမ့္မယ္။ မိနစ္ ၉၀ မွာ သေရက်မယ့္ပြဲပါ။

ခန႔္မွန္းရလဒ္ လက္စတာ ၁-၁ မန္စီးတီး ျဖစ္ပါတယ္။