ချယ်ဆီးက မေဆန်မောင့်ကို မန်ယူဆီ ရောင်းလိုက်တာ မယုံနိုင်အောင် ဖြစ်နေတဲ့ ပေါမာဆန်
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ချယ်ဆီးအသင်းဟာ ဒီနွေမှာ ပြည်တွင်း မဟာပြိုင်ဘက်အသင်းတွေထံ ကစားသမားကောင်းတွေ ရောင်းပေးနေတဲ့ အပေါ် မယုံနိုင်အောင် အံ့အားသင့်နေပါတယ်။
ချယ်ဆီးဟာ မေဆန်မောင့် ကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းခဲ့သလို ကိုင်ဟာဗက်ကိုလည်း အာဆင်နယ် အသင်းထံ ရောင်းထားခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ချယ်ဆီးအသင်းဟာ သူတို့ရဲ့ ဖောင်းပွနေတဲ့ လူစာရင်းကို လျှော့ချဖို့ ဒီနွေမှာ ခပ်သွက်သွက် လှုပ်ရှားနေပြီး ဟာဗက် အပါအဝင် ကစားသမား ၆ ဦးကို ရောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။
ပေါမာဆန်ကတော့ ချယ်ဆီးအသင်းဟာ သူ့ မဟာပြိုင်ဘက်အသင်းတွေထံ ဒီလို ကစားသမား ရောင်းချမှုတွေ လုပ်တဲ့ အပေါ် မယုံနိုင်အောင် ဖြစ်နေပါတယ်။
” ပွင့်ပွင့်လင်းလင်း ပြောရအောင်ဗျာ။ မေဆန်မောင့်နဲ့ ကိုင်ဟာဗက်ဇ် ကို ရောင်းတယ် ဆိုတာ ချယ်ဆီးအတွက်တော့ အကျိုးဖြစ်တဲ့ ကိစ္စ မဟုတ်ဘူး။ ကျွန်တော်ဖြင့် နားတောင် မလည်နိုင်ဘူး။
ချယ်ဆီးက ငွေလိုနေလို့ ဆိုရင်လည်း တမျိုးပေါ့။ ဒါပေမယ့် အဆင့် ၄ အတွင်း ဝင်ဖို့ အန္တရာယ် ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးနဲ့ ကစားသမား ကို ရောင်းထုတ်လိုက်တာ အဓိပ္ပါယ် မရှိဘူးလေ။ အဲလို ထပ် ဖြစ်မယ် ဆိုရင် ငွေပို ဆုံးရှုံးမှာက ဒီကလပ်အသင်းပဲ။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့က နောက်ရာသီ top four ထဲ ဝင်ဖို့ သေချာပေါက် ယှဉ်ရမယ့် ပြိုင်ဘက်တွေပါ။ ဒီတော့ ကိုယ့် အကောင်းဆုံး ကစားသမား ၂ ယောက်ကို ဒီပြိုင်ဘက်တွေဆီ ရောင်းပြီး အသင်းကို အားနည်းအောင် ဘာလို့ လုပ်လိုက်တာလဲ ?
ချယ်ဆီးဖန်တွေကတော့ မောင့်နဲ့ ဟာဗက်ဇ် က ပြီးခဲ့တဲ့ရာသီ သိပ်ကောင်းတာလည်း မဟုတ်ဘူးလို့ ပြောလိမ့်မယ်။ ဒါပေမယ့် ဒီကစားသမားတွေက သူတို့ကို သွေးပေးနိုင်တဲ့ အသင်း ရောက်ရင် သေချာပေါက် တောက်ပလာကြမှာ။
သူတို့ကို ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ဆီ ရောင်းလိုက်တယ် ဆိုရင် နားလည်လို့ ရဦးမယ်။ အရည်အသွေး သက်သေမပြရသေးတဲ့ တခြား ကစားသမားသစ်တွေကို ထိန်းထားဖို့ ဒီလူတွေကို ပြိုင်ဘက်တွေဆီ ရောင်း ငွေဖော်တာကြီးကတော့ မဟုတ်သေးဘူး။ ” လို့ ပေါမာဆန်က ထောက်ပြ သုံးသပ်သွားခဲ့ပါတယ်။
မန်ယူအသင်းကတော့ မေဆန်မောင့်ကို ခေါ်ယူပြီးနောက် နာမည်ကြီး ကျောနံပါတ် ၇ ကို ပေးကာ အဓိက အသင်းသား အဖြစ် နေရာပေးသွားဖွယ် ရှိနေပါတယ်။