မန်ချက်စတာ ယူနိုက်တက် ခေါ်ယူခဲ့တဲ့ထဲက ဈေးအကြီးဆုံး ကစားသမား ၁ဝ ဦး

မန်ယူအသင်းဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့ ဈေးကွက်ရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ကွင်းလယ်လူ မေဆင်မောင့်ကို ပေါင်သန်း ၆၀ နဲ့ တရားဝင် ခေါ်ယူထားခဲ့ပါပြီ။

ဒါပေမဲ့ အဲဒီ ပမာဏဟာ ယူနိုက်တက်အသင်း ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားတွေထဲမှာ အဆင့် ၆ နေရာပဲ ရှိခဲ့တာပါ။

မန် ယူနိုက်တက်ဟာ နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်လက်ထက် နောက်ပိုင်း ငွေသုံးကြမ်းခဲ့တဲ့ အသင်းဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ကစားသမား တော်တော်များများကို ကြေးကြီးပေးခဲ့တဲ့ အသင်းဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအနေနဲ့ ရောက်လာ သူကတော့ ကွင်းလယ်လူ ပေါ့ဘာဖြစ်ပြီး ဂျူဗင်တပ်ကနေ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားဟာ ၆ နှစ် ကြာပြီးတဲ့နောက် အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာရာလမ်းအတိုင်း ပြန်သွားခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒုတိယ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားက အန်တိုနီဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ် လက်ထက်မှာ အေဂျက်ဇ်အသင်းက နေ ပေါင် ၈၅.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

တတိယ နေရာမှာရှိနေသူ ကတော့ မက်ဂွိုင်းယားဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လက်စတာကနေ ပေါင် ၈၅ သန်းနဲ့ ခေါ်ခဲ့တာပါ။

စတုတ္ထမြောက်နေရာမှာ ရှိနေခဲ့သူကတော့ တိုက်စစ်မှူးဟောင်း လူကာကူဖြစ်ပြီး အဲဗာတန်အသင်းဆီကနေ ပေါင် ၇၅ သန်းနဲ့ ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆင့် ၅ နေရာမှာ ရှိနေတဲ့ ကစားသမားက ဆန်ချိုဖြစ်ပြီး ဒေါ့တ်မန်အသင်းဆီကနေ ပေါင် ၇၅ သန်းနဲ့ ခေါ်ခဲ့တာပါ။

အဆင့် ၆ နေရာမှာတော့ အခုလက်ရှိ ပူပူနွေးနွေး ခေါ်ထားတဲ့ မေဆင်မောင့်ပဲဖြစ်ပြီး ပေါင်သန်း ၆၀ နဲ့ ချဲလ်ဆီးကနေ ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။

အဆင့် ၇ နေရာမှာ အာဂျင်တီးနားသားဖြစ်တဲ့ ဒီမာရီယာရှိနေပြီး ရီးရဲလ်ဆီကနေ ပေါင် ၅၉.၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်လူ ဖရက်ဒ်အတွက် လည်း ပေါင် ၅၂ သန်းအထိ သုံးခဲ့ရတာဖြစ်ပြီး ရှက်တာဒိုးနက် အသင်းဆီက နေခေါ်ခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့်ဘောလုံးရာသီ အသင်းခေါင်းဆောင် ရာထူးကို တရားဝင် ရတော့မယ့် ဖာနန်ဒက်စ်ကတော့ အဆင့် ၁၀ နေရာမှာ ရှိနေခဲ့ပြီး ပေါင် ၅၀.၈ သန်းနဲ့ စပို့တင်းအသင်းဆီကနေ ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။