ရာသီသစ်မှာ မန်ယူနဲ့ အတူ ကျုံးဖို့ ပေါ်တူဂီမှာ အပြင်းအထန် လေ့ကျင့်နေတဲ့ မက်ဂွိုင်းယား

မန်ယူ ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ ရာသီသစ် မတိုင်ခင် အကောင်းဆုံးပုံစံရဖို့အတွက် အပြင်းအထန် လေ့ကျင့်နေကြောင်း နာမည်ကြီး အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ်ရိုမာနိုရဲ့ Instagram Live အရ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းက အင်္ဂလန်ရဲ့နိုင်ငံတကာပွဲတွေမှာ ပါဝင်ခဲ့လို့ မက်ဂွိုင်းယားဟာ ရာသီကြိုအတွက် မန်ယူနဲ့ အခု ကတည်းက ပူးပေါင်းစရာမလိုသေးပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ သူက အနားယူနေတာမဟုတ်ဘဲ ရာသီသစ်မတိုင်ခင် အကောင်းဆုံးပြင်ဆင်နေပါတယ်။ မက်ဂွိုင်းယားဟာ တစ်ချိန်တုန်းက ချဲလ်ဆီးခံစစ်ကျောက်ဆောင်ဖြစ်ခဲ့တဲ့ ကာဗယ်ဟိုနဲ့ တစ်ဦးချင်းလေ့ကျင့်မှုတွေ လုပ်နေတာပါ။

သူဟာ ပေါ်တူဂီမှာ တစ်နေ့ကို လေ့ကျင့်မှု ၃ ကြိမ်လုပ်နေတာ အခုဆို ၃ ပတ်နီးပါးရှိသွားပါပြီ။ မက်ဂွိုင်းယားဟာ တန်ဟက်ရဲ့ ပထမဆုံး ရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၈ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒါကြောင့် လာမယ့်ရာသီမှာတော့ ပွဲထွက်နေရာအတွက် စိန်ခေါ်နိုင်ဖို့ အခုကတည်းက အပိုလေ့ကျင့်မှုတွေလုပ်နေတာပါ။ လောလောဆယ်တော့ မန်ယူက မက်ဂွိုင်းယားရဲ့အနာဂါတ်ဟာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

ကလပ်က သူ့ကို ဖိအားပေးမှာမဟုတ်ပေမယ့် ကမ်းလှမ်းမှုတွေရှိလာရင် နားထောက်သွားမှာပါ။ မက်ဂွိုင်းယားကတော့ မန်ယူမှာ ဆက်လက် တိုက်ပွဲဝင်လိုသလို လက်မလျှော့သေးကြောင်း ရိုမာနိုက ဆိုပါတယ်။