တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳ ကို ေဒါ့မြန္ အျမန္ေရာင္းခ်င္ေနတာေၾကာင့္ အကြက္ေတြ႕ေတာ့မယ့္ ယူနိုက္တက္
ဂ်ာမန္ ဘြန္ဒက္လီဂါ အင္အားႀကီးအသင္း ျဖစ္တဲ့ ေဒါ့မြန္အသင္းဟာ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ သူတို႔အသင္းရဲ႕ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို ဇူလိုင္လ မကုန္မီ ေရာင္းခ်ခ်င္ေနေၾကာင္း ဂ်ာမန္ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။
အသက္ ၂၁ႏွစ္ အ႐ြယ္ အဂၤလန္ ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ ကစားသမား တဦး ျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ အသင္းမွာ ကစားခ်င္ေၾကာင္း အတိအလင္း ဖြင့္ဟ ဝန္ခံဖူးတဲ့ ကစားသမား တဦးလည္း ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ႐ိုနယ္ဒို ၊ နာနီတို႔ ထြက္ခြာသြားၿပီးေနာက္ အားနည္းခ်က္ တခုလို ျဖစ္ေနတဲ့ သူတို႔အသင္းရဲ႕ ညာေတာင္ပံ တိုက္စစ္ အတြက္ ဆန္ခ်ိဳကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕ထဲက ႀကိဳးစားခဲ့ၿပီး ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ေပမယ့္ ေဒါ့မြန္အသင္း ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂၀သန္းကို ေပးေခ်ဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းမွာ ေနာက္ထပ္ တရာသီ ဆက္လက္ ရွိေနခဲ့တာပါ။
လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ ျပန္လည္ ျပဳလုပ္လာသလို ေဒါ့မြန္အသင္းကလည္း ဆန္ခ်ိဳကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀သန္းနဲ႔ ၁၀၀သန္းၾကား ရရွိရင္ ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနပါတယ္။
ဂ်ာမန္ နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Bildရဲ႕ ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဆန္ခ်ိဳကို ေရာင္းထုတ္ဖို႔ ႀကိဳတင္ ျပင္ဆင္ထားသလို ဆန္ခ်ိဳရဲ႕ ေနရာအတြက္ အစားထိုးမယ့္ ကစားသမားေတြကိုလည္း ရွာေဖြၿပီးၿပီ ျဖစ္တာေၾကာင့္ ဆန္ခ်ိဳကို ဇူလိုင္လ မကုန္မီ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းထံ ေရာင္းခ်ခ်င္ေနေၾကာင္း သိရပါတယ္။
တဖက္မွာလည္း မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွားက ကစားသမားသစ္ ေခၚယူမႈေတြကို ရာသီႀကိဳ ေလ့က်င့္ခန္း အစီအစဥ္ေတြ မစတင္မီ အၿပီးသတ္ခ်င္ေၾကာင္း ေျပာၾကားထားတာေၾကာင့္ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ဟာ မၾကာခင္မွာ ျဖစ္ေပၚလာဖြယ္ ရွိၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္းနဲ႔ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀သန္း + အပိုဆုေၾကး ယူ႐ို ၂၀သန္းနဲ႔ သေဘာတူညီမႈ ရဖြယ္ ရွိပါတယ္။
Unicode
ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ သူတို့အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ဇူလိုင်လ မကုန်မီ ရောင်းချချင်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၂၁နှစ် အရွယ် အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားချင်ကြောင်း အတိအလင်း ဖွင့်ဟ ဝန်ခံဖူးတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒို ၊ နာနီတို့ ထွက်ခွာသွားပြီးနောက် အားနည်းချက် တခုလို ဖြစ်နေတဲ့ သူတို့အသင်းရဲ့ ညာတောင်ပံ တိုက်စစ် အတွက် ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ထဲက ကြိုးစားခဲ့ပြီး ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ နောက်ထပ် တရာသီ ဆက်လက် ရှိနေခဲ့တာပါ။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်လာသလို ဒေါ့မွန်အသင်းကလည်း ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ၁၀၀သန်းကြား ရရှိရင် ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ရောင်းထုတ်ဖို့ ကြိုတင် ပြင်ဆင်ထားသလို ဆန်ချိုရဲ့ နေရာအတွက် အစားထိုးမယ့် ကစားသမားတွေကိုလည်း ရှာဖွေပြီးပြီ ဖြစ်တာကြောင့် ဆန်ချိုကို ဇူလိုင်လ မကုန်မီ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောင်းချချင်နေကြောင်း သိရပါတယ်။
တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက ကစားသမားသစ် ခေါ်ယူမှုတွေကို ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ မစတင်မီ အပြီးသတ်ချင်ကြောင်း ပြောကြားထားတာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်မှာ ဖြစ်ပေါ်လာဖွယ် ရှိပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းနဲ့ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း + အပိုဆုကြေး ယူရို ၂၀သန်းနဲ့ သဘောတူညီမှု ရဖွယ် ရှိပါတယ်။