မန်ယူ ကစားသမား ဘဝ ပွဲဦးထွက် မေဆန်မောင့် ခြေစွမ်း အပေါ် မှတ်ချက်ပေးသွားတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်က လိဒ်စ်ယူနိုက်တက်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ကစားသမားသစ် မေဆန်မောင့်က ၄၅ မိနစ် ကောင်းကောင်း ကစားသွားတဲ့ အတွက် နည်းပြတန်ဟက်ကော မောင့် ပါ ကျေနပ်နေပါတယ်။

ယူနိုက်တက်ဟာ ခြေစမ်းပွဲ အစစ်အမှန်တွေ မကန်ရသေးတာမို့ ဒီပွဲမှာ ၄၅ မိနစ်စာကို နှစ်သင်းစာ လူစာရင်း ထုတ်ခဲ့တာပါ။ ပထမပိုင်းမှာ ဂိုး မရပေမယ့် ဒုတိယပိုင်းမှာ လူငယ်တွေက ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဆိုပါပွဲမှာ မောင့်က ပထမပိုင်း ၄၅ မိနစ် ကစားခဲ့တာဖြစ်ပြီး ပေးချက်ကောင်း အချို့ကို လုပ်ပြနိုင်ခဲ့ပါတယ်။ တန်ဟက်က သူ့ကို အတွင်းလူနေရာနဲ့ အဆုံးသတ်ပိုင်း ဧရိယာအတွက် ဖန်တီးသူ နေရာကို တွဲပြီး အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဖာနန်ဒက်စ်နဲ့ တွဲပြီး ဖန်တီးရှင်နေရာ သုံးဖို့ နည်းပြက ရည်ရွယ်ဟန် ရှိပါတယ်။

နည်းပြ တန်ဟက်ကလည်း ဒီနွေမှာ ပေါင် ၅၅ သန်းဖြင့် ခေါ်ယူထားတဲ့ ကွင်းလယ်လူရဲ့ လုပ်ပြနိုင်စွမ်းတွေအပေါ် ကျေနပ်နေပါတယ်။

တန်ဟက်က ‘ မေဆန်မောင့် ကစားသွားတာ ကောင်းပါတယ်။ အသင်းနဲ့ ပထမဆုံးပွဲဆိုပေမယ့် ကျနော်တို့ ဒီ စွမ်းဆောင်ရည်မျိုး မျှော်လင့်ထားပါတယ်။ အရည်အချင်းတွေ အများကြီးရှိတဲ့ သူ့အတွက် ဒါက ပထမခြေလှမ်းဖြစ်မယ် ထင်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ အားလုံး သူ့ရဲ့ ခြေစွမ်းကြောင့်၊ သူပါဝင် ကူညီပြခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပျော်ရွှင်မယ်လို့ ထင်ပါတယ်။ ’ လို့ မှတ်ချက်ကောင်း ပေးခဲ့တာ ဖြစ်ပါတယ်။

မေဆန်မောင့်ဟာမန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ခြေလှမ်းကို ကောင်းကောင်း လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။