ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ လက်ရှောင်သွားတဲ့ ကစားသမားကို မန်ယူ၊ နယူးကာဆယ်နဲ့ ဗီလာတို့ အပြိုင် ကြိုးစားနေ
ချဲလ်ဆီးမှာ အငှား ကစားနေရာကနေ ပြန်သွားပြီး မိခင်ကလပ် အက်သလက်တီကို မက်ဒရစ် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မရေမရာဖြစ်နေတဲ့ တိုက်စစ်မှူး ဂျာအိုဖိလစ်ကို ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ယူ၊ နယူးကာဆယ်နဲ့ ဗီလာတို့ကအပြိုင် စောင့်ကြည့် နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီးကို အငှားနဲ့ ရောက်လာခဲ့တဲ့ ပေါ်တူဂီသားဟာ စာချုပ်သက်တမ်းကုန်တဲ့အခါ မိခင်ကလပ်ကို ပြန်ရောက်သွားပြီဖြစ်ပေမဲ့လည်း နည်းပြ ဆီမြွန်နီရဲ့ စီမံကိန်းတွေထဲမှာ မပါတဲ့အတွက် လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတော့ပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါ့အပြင် ကစားသမားနဲ့ နည်းပြ ဆီမြွန်နီကြားမှာလည်း ပုဂ္ဂိုလ်ရေး အဖု အထစ်လေးတွေက ရှိနေတဲ့အတွက် အဆင်မပြေမှုတွေလည်း ရှိနေတာပါ။
ဒါကြောင့် အသက် ၂၃ နှစ်အရွယ် ဂျာအိုဖိလစ်ဟာ ပုံမှန် ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းပြီး ကစားချင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် အက်သလက်တီကို မက်ဒရစ်ဟာ ဂျာအိုဖိလစ်ကို အငှားနဲ့ ကမ်းလှမ်းလာမယ့် အသင်းတွေအတွက် တံခါးဖွင့်ထားတယ်လို့ သတင်းထွက်လာပြီး မန်ယူ အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စားလာတာပါ။
ပေါ်တူဂီသားကို အငှားနဲ့ ခေါ်ဖို့အတွက် ဝင်ပြီး တန်းစီနေတဲ့ နေရာမှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ မန်ယူအသင်းက ထိပ်ဆုံးကရှိနေပြီး အဲဒီနောက်မှာတော့ နယူးကာဆယ်နဲ့ ဗီလာက ကပ်လိုက်နေတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အက်သလက်တီကိုအသင်းဟာ သူတို့ရဲ့ အဖိုးတန် တိုက်စစ်မှူးကို အပြတ်ရောင်းတာမျိုးထက် အငှားစာချုပ်မျိုးနဲ့ ခေါ်ချင်တဲ့ အသင်းမျိုးကို ပိုပြီး သဘောကျတာမျိုးရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ကာယကံ ရှင်ကစားသမားဖြစ်တဲ့ ဖိလစ် ကိုယ်တိုင်ကလည်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်ဇ်နဲ့ စကားပြောဖို့ရှိနေပြီး အဓိက အကြောင်းအရင်းကတော့ ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်းမျိုးကို ပြောင်းချင်တဲ့ ဆန္ဒအတွက် အကြေ အလည် ဆွေးနွေးမယ့်ပုံစံမျိုးပါ။
ဒါကြောင့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ မန်ယူနဲ့ နယူးကာဆယ်တို့ဟာ ကစားသမားရဲ့ စိတ်ကြိုက်အသင်းတွေ ဖြစ်လာနိုင်ပြီး ဦးစားပေး အဆင့်ထဲမှာ ရှိနေမှာ သေချာပါတယ်။
ဂျာအိုဖိလစ်ဟာ ချဲလ်ဆီးကနေ ပြန်ရောက်လာပြီးတဲ့နောက် ပြင်သစ်ထိပ်သီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းဖို့ လေ့လာမှုတွေ လုပ်ခဲ့ပေမဲ့လည်း ပြင်သစ်ကလပ်ကတော့ အငှားနဲ့ လိုချင်တာမျိုး မဟုတ်ဘဲ အပြတ် ဝယ်မယ့် သဘောမျိုး တုံ့ပြန်ခဲ့ပါတယ်။
ဒီနေရာမှာ မက်ဒရစ်ကလပ် က ဂျာအိုဖိလစ်အတွက် ကြမ်းခင်းဈေး ပေါင် ၈၅ သန်းအထိ ဈေးခေါ်ခဲ့တာ ကြောင့် ပီအက်စ်ဂျီက လက်ရှောင်လိုက်တာဖြစ်ပါတယ်။