ချန်ပီယံလိဂ်နဲ့ ဥရောပ ပွဲတွေ မကြည့်နိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်ဟာ ၁၉၉၆ ခုနှစ် အာစင်ဝင်းဂါး ရောက်လာပြီးနောက် ၂၅ နှစ်အတွင်းပထမဆုံးအကြိမ် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

အာဆင်နည် နည်းပြ အာတီတာ က မိမိဟာ အခြား ပြိုင်ဘက် အင်္ဂလန်ကလပ်အသင်းတွေ ဥရောပမှာ ကစားနေတာကို မြင်ရတာ နာကျင်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ် ဥရောပပွဲ မကစားရတာကို အသုံးချပြီး ကစားသမားတွေ တိုးတက်လာအောင် လုပ်မယ်၊ ပြန်ကစားခွင့်ရအောင် ကြိုးစားမယ် လို့ ပြောကြားခဲ့ပါတယ်။

“ဥရောပရက်သတ္တပတ်တွေရှိတိုင်း ကျွန်တော် ရုန်းကန်နေခဲ့ရပါတယ်။ အဲ့တာတွေကို ကြည့်ရတာ မကြိုက်ပါဘူး။ ဒါပေမယ့် အဲ့အခြေအနေကို ကျွန်တော် အကောင်းဆုံး အသုံးချမှာပါ။ ကစားသမားတွေ အတွက်လည်း အဲ့တာက ပိုကောင်းလာနိုင်ပါတယ်” လို့ အာတီတာက ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် ပြောကြားခဲ့ပါတယ်။

အာတီတာက လူငယ်ကွင်းလယ်လူ စမစ်ရိုရဲ့ ခြေစွမ်းကိုလည်းချီးကျူးပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်သား ကွင်းလယ်လူဟာ အာဆင်နယ်အတွက် ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါတယ်။

ZG

အာဆင္နယ္ဟာ ၁၉၉၆ ခုႏွစ္ အာစင္ဝင္းဂါး ေရာက္လာၿပီးေနာက္ ၂၅ ႏွစ္အတြင္းပထမဆုံးအႀကိမ္ ဥေရာပဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

အာဆင္နည္ နည္းျပ အာတီတာ က မိမိဟာ အျခား ျပိဳင္ဘက္ အဂၤလန္ကလပ္အသင္းေတြ ဥေရာပမွာ ကစားေနတာကို ျမင္ရတာ နာက်င္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဒါေပမယ့္ အာဆင္နယ္ ဥေရာပပြဲ မကစားရတာကို အသုံးခ်ၿပီး ကစားသမားေတြ တိုးတက္လာေအာင္ လုပ္မယ္၊ ျပန္ကစားခြင့္ရေအာင္ ၾကိဳးစားမယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

“ဥေရာပရက္သတၱပတ္ေတြရွိတိုင္း ကြၽန္ေတာ္ ႐ုန္းကန္ေနခဲ့ရပါတယ္။ အဲ့တာေတြကို ၾကည့္ရတာ မႀကိဳက္ပါဘူး။ ဒါေပမယ့္ အဲ့အေျခအေနကို ကြၽန္ေတာ္ အေကာင္းဆုံး အသုံးခ်မွာပါ။ ကစားသမားေတြ အတြက္လည္း အဲ့တာက ပိုေကာင္းလာႏိုင္ပါတယ္” လို႔ အာတီတာက ဝက္ဖို႔ဒ္နဲ႔ ပြဲမတိုင္ခင္ ေျပာၾကားခဲ့ပါတယ္။

အာတီတာက လူငယ္ကြင္းလယ္လူ စမစ္႐ိုရဲ႕ ေျခစြမ္းကိုလည္းခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္သား ကြင္းလယ္လူဟာ အာဆင္နယ္အတြက္ ဒီရာသီမွာလည္း ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနပါတယ္။