FFP ဘဏ္ဍာရေးစည်းမျဉ်းဖောက်လို့ UEFA ရဲ့ အရေးယူခြင်း ခံလိုက်ရတဲ့ မန်ယူနဲ့ ဘာစီလိုနာ အသင်း

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ UEFA ချမှတ်ထားတဲ့ ဘဏ္ဍာရေး မျှခြေစည်းမျဉ်း (Financial Fair Play)ကို ချိုးဖောက်ခဲ့တာကြောင့် ဒဏ်ငွေအဖြစ် ပေါင်(၂၆၀,၀၀၀)နီးပါး ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ Financial Fair Play စည်းမျဉ်းတွေထဲက သာမန်အသေးစား စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်ပေမယ့် UEFA က ဒဏ်ငွေ ချမှတ်ခဲ့တဲ့ အတွက် စိတ်ပျက်မိတယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက်အသင်းက ‘ဒဏ်ငွေချမှတ်ခံရလို့ စိတ်ပျက်မိပေမယ့် UEFA ရဲ့ပြစ်ဒဏ်ကို ကျွန်တော်တို့ လက်ခံပါတယ်။ UEFA ဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းတချို့ကို ပြောင်းလဲမှုလုပ်ခဲ့တာကြောင့် အရင် စည်းမျဉ်းဟောင်းထဲက အရေးမကြီးတဲ့သတ်မှတ်ချက်တွေကို ကျွန်တော်တို့ ချိုးဖောက်မိသလိုဖြစ်ခဲ့ပါတယ်။

UEFA ဟာ ကိုဗစ်ကာလအတွင်း ကလပ်အသင်းတွေအတွက် ဝင်ငွေဆုံးရှုံးမှု ပမာဏကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး UEFA ခွင့်ပြုထားတဲ့ အရှုံးငွေထဲက ကျွန်တော်တို့ ယူရို(၁၅)သန်းလောက် ပိုများခဲ့ပါတယ်။

ကိုဗစ်ကာလနောက်ပိုင်း အသင်းရဲ့ ဝင်ငွေရရှိမှု မြင့်တက်လာတာကြောင့် လက်ရှိဘဏ္ဍာရေးနှစ်မှာ စံချိန်တင်ပမာဏအထိရမယ်လို့ မျှော်လင့်ထားပါတယ်’ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ UEFA ရဲ့စောင့်ကြည့်ကာလ ၂၀၂၂ ခုနှစ်မှာ ပေါင်သန်း(၄၀) (ယူရို၄၆.၆၇သန်း) အရှုံးပြခဲ့ပြီး ကိုဗစ်ကာလအတွင်း ပေါင်သန်း(၂၀၀) (ယူရို ၂၃၃.၃၄သန်း) အရှုံးပေါ်ခဲ့တာကြောင့် စုစုပေါင်း ပေါင်သန်း(၂၄၀)အထိ ဝင်ငွေ နစ်နာဆုံးရှုံးခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အများဆုံးဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် UEFA က မန်ယူနိုက်တက် အသင်းကို ပေါင်(၂၅၆,၀၀၀) ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

UEFAရဲ့ ဒဏ်ငွေပြစ်ဒဏ်က ယူနိုက်တက်အသင်းရဲ့ အခုနွေရာသီ ကာလအတွင်း အသုံးစရိတ်အပေါ် ထိခိုက်မှု မရှိပေမယ့် နောက်ထပ်ဘဏ္ဍာရေးဆုံးရှုံးမှုမရှိဘဲ Financial Fair Play စည်းမျဉ်းနဲ့ကိုက်ညီအောင် ပေါင်သန်း(၁၂၀)သာ သုံးစွဲခွင့်ရခဲ့ပါတယ်။

UEFA ရဲ့ ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံခဲ့ရတာက ယူနိုက်တက် တစ်သင်းတည်းမဟုတ်ဘဲ လာလီဂါထိပ်သီး ဘာစီလိုနာ အသင်းကိုလည်း ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အချက်အလက် အမှားတွေ တင်ပြခဲ့တာကြောင့် ပေါင်(၄၃၀,၀၀) ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။