ဂိုးသမား အိုနာနာ ဆေးစစ်ဖို့ မန်ချက်စတာ ယူနိုက်တက်ကို ရောက်ပြီ

အင်တာမီလန် ဂိုးသမား အိုနာနာဟာ ယူနိုက်တက်နဲ့အပြောင်းအရွှေ့အတွက် ဒီနေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်မှာ ဆေးစစ်မှု ခံယူတော့မယ်လို့ သိရပါတယ်။

မန် ယူနိုက်တက် အသင်းဟာ အိုနာနာကို ပေါင် ၄၇.၁သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် ဆေးစစ်မှု ပြုလုပ်ဖို့အတွက် ပြင်ဆင်လျက်ရှိနေပါတယ်။

အိုနာနာ အတွက် ကနဦး ပေါင်၄၃.၇သန်း ပေးချေသွားမှာဖြစ်ပြီး အပိုဆုကြေး ပေါင်၃.၄သန်းဖြစ်ကာ အိုနာနာတစ်ယောက် ယူနိုက်တက်နဲ့ ငါးနှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။

အသက် ၂၇နှစ်သာဟာ ဘာမင်ဂမ်လေဆိပ်ကို ရောက်ရှိလာမှာဖြစ်ပြီး မကြာခင် ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာကာ ယူနိုက်တက်နဲ့ ဆေးစစ်မှုခံယူသွားမှာ ဖြစ်ပါတယ်။

အိုနာနာဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုလည်း ရပြီးဖြစ်တာကြောင့် ဆေးစစ်မှုခံယူပြီးရင် ဂိုးသမားသစ် အဖြစ် တရားဝင်မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

မီလန်လေဆိပ်ကို ရောက်လာစဉ် အိုနာနာဟာ အမဲရောင် မာစီဒီးစ်ကားကို စီးလာကာ ပရိသတ်တွေမသိအောင် တိတ်တဆိတ်ပဲ ဝင်ရောက်သွားခဲ့ပါတယ်။ အိုနာနာဟာ ယူနိုက်တက်မှာ ကာလရှည်နံပါတ်တစ်ဂိုးသမားနေရာရခဲ့တဲ့ ဒီဂီယာရဲ့နေရာအတွက် အစားထိုးခေါ်ယူတာဖြစ်လို့ ကစားသမားအတွက် တာဝန်ကြီးနေပါတယ်။