အံ့ဖွယ် ပြန်ရောက်လာတဲ့ အီဗန်စ်၊ စာချုပ်သစ်ချုပ်တဲ့ ရက်ဖို့ဒ်၊ ဆေးစစ်မယ့် အိုနာနာ၊ လာတော့မယ့် ဟွိုင်လန်းနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ

မန်ယူအသင်းဟာ ၎င်းတို့ရဲ့ အသင်းနောက်ခံလူဟောင်း ဂျွန်နီအီဗန်ကို ကာလတို စာချုပ်နဲ့ အံ့အားသင့်ဖွယ် ပြန်လည် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို တစ်ပါတ် လုပ်ခ ပေါင် ၃သိန်းအထိ ပေးချေကာ ၅ နှစ် စာချုပ်ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါ့အပြင် မန်ယူအသင်းထံ ပြောင်းရွှေ့လာဖို့ စီစဉ်နေတဲ့ အင်တာအသင်း ဂိုးသမား အိုနာနာကိုလည်း မီလန် လေဆိပ်မှာ မြင်တွေ့ခဲ့ရပြီး ဒီနေ့ ဆေးစစ်မှာ ဖြစ်တာကြောင့် ၎င်းတို့ရဲ့ အပြောင်းအရွှေ့ကို သိပ်မကြာခင် ကြားသိရတော့မှာ ဖြစ်ပါတယ်။

ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူခဲ့ရတဲ့ မန်ယူအသင်း ဂိုးသမားဟောင်း ဗန်ဒါဆားဟာ လက်ရှိ အချိန်မှာတော့ အခြေအနေကောင်းမွန်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဟာ အတ္တလန္တာ အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းနဲ့ ပုဂ္ဂိုလ်ရေးအရ ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူ အသင်းခေါင်းဆောင် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ဒီနွေမှာ ဆော်ဒီကလပ်တွေ ဘက်က ကမ်းလှမ်းမှု အကြိမ်ကြိမ် ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။