မန်ယူတိုက်စစ်မှုး ရက်ဖို့ဒ်ကို ဘာပေ၊ ဟာလန်းတို့လို ဂိုးသွင်းကြမ်းအောင် စိန်ခေါ်လိုက်တဲ့ ဝိန်းရွန်းနီ
ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး ဝိန်းရွန်းနီက မန်ချက်စတာ ယူနိုက်တက်နဲ့ ကာလရှည် စာချုပ် ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှုး ရက်ဖိုဒ့်ကို စိန်ခေါ်မှု တစ်ခု ပြုလုပ်သွားပါတယ်။
၂၀၁၆ မှာ စီနီယာအဆင့်ထံ ရောက်ရှိလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အတွက် ၃၅၉ ပွဲမှာ ၁၂၃ ဂိုး သွင်းထားတဲ့ ရက်ဖိုဒ့်ဟာ မနှစ်ကရာသီ တန်ဟက် လက်အောက်မှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ ထိ ရလာခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ တစ်ပတ် ပေါင် ၃၂၅၀၀၀ ရမယ့် ၅ နှစ် စာချုပ်သစ် လက်မှတ်ထိုးထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
အနာဂတ်ကိစ္စ ဖြေရှင်းခဲ့ပြီ ဖြစ်တဲ့နောက် ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေဖြစ်တဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့လို ဖြစ်လာရေး ရက်ဖိုဒ့် လုပ်ပြနိုင်ဖို့ လိုအပ်တာကို ရွန်းနီက အခုလို ပြောခဲ့ပါတယ်။
‘ ကျနော်ကတော့ ရက်ဖို့ဒ်ဟာ အံ့မခန်း အရည်အချင်း ရှိသူတစ်ယောက်လို့ ထင်ပါတယ်။ သူ စာချုပ်သစ် လက်မှတ်ထိုးလိုက်တာကို ကျနော်တော့ သဘောကျပါတယ်။ နောက်ထပ် ၅ နှစ်ဟာ သူ့ရဲ့ ခြေစွမ်းကို သမိုင်းတွင်အောင် ချန်ရစ်ခဲ့ဖို့ အရေးကြီးပါလိမ့်မယ်။
သူ ဂိုးတွေ အများကြီး သွင်းနိုင်ပေမယ့် ဟာလန်းနဲ့ အမ်ဘာပေလို အဆင့်ကို ရောက်ချင်တယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကို ဆုဖလားတွေ အနိုင်ရအောင် ကူညီပေးဖို့ လိုပါမယ်။ သူ အဲ့ဒီလို လုပ်ပေးနိုင်မယ်လို့ ကျနော် ယုံကြည်ထားပါတယ်။ ‘ လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၁၃ မှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံး အောင်မြင်ခဲ့တာဖြစ်ပြီး ၂၀၀၈ မှာတော့ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တာပါ။ အဲ့နောက်ပိုင်း အဓိက ဆုဖလားတွေကို အနိုင်ရဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။