အလှောင်ခံရတဲ့ ဆန်ချို၊ သူရဲဘောကြောင်တယ် ဆိုတဲ့ ရော်နယ်ဒိုနဲ့ ယနေ့ မန်ယူ သတင်းတိုများ

မန်ယူ ကွင်းလယ်တိုက်စစ်သမား လင်ဂတ် ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ ထွက်ခွာဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ မန်ယူကလည်း လင်ဂတ်ကို အလွတ်နဲ့ လက်လွှတ်ရမဲ့အရေးကို စိုးရိမ်လို့ဇန်နဝါရီမှာ အပြီးသတ် ရောင်းချဖွယ် ရှိနေပါတယ်။

အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်ကြားက အဆင့်အတန်း ကွာဟမှုက မယုံနိုင်စရာပဲလို့ သရဲနီဟောင်း ရွိုင်ကိန်းက ပြော ဆိုခဲ့ပါတယ်။

မန်ယူအသင်းဟာ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ကာဗာနီကို လိုအပ်ခဲ့တာဖြစ်ကြောင်း၊ မန်ယူအနေနဲ့ ကာဗာနီမပါရင် အားနည်းသွားတာ မြင်တွေ့ရကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ထောက်ပြခဲ့ပါတယ်။

ဒီဘရိုင်းကို ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့တဲ့ မန်ယူ တိုက်စစ်မှူးစီရော်နယ်ဒိုကို မန်စီးတီး ကစားသမားဟောင်း ဆင်ကလဲယား က ဝေဖန်ခဲ့ပြီး စီရော်နယ်ဒိုဟာ သူရဲဘောကြောင်သူဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ အနည်းငယ် အကျည်းတန်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူး ဆန်ချိုဟာ မန်ချက်စတာဒါဘီမှာ ကွင်းဘေးစည်းမှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေရင်း အသင်းဟောင်း မန်စီးတီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မန်စီးတီးပရိသတ်တွေက စီးတီးရဲ့ အပယ်ခံလေးလို့ ဆန်ချိုကို အော်ဟစ် လှောင်ခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က သူ့အနေနဲ့ လက်ရှိအသင်းရဲ့ရလဒ်ပိုင်းကို စိတ်ပျက်လျက်ရှိနေကြောင်း၊ သူတို့အနေနဲ့ ပြောင်းလဲမှုတွေပြုလုပ်ရမှာဖြစ်ကြောင်း၊ အပြောလျှော့ပြီး အလုပ်များများ လုပ်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

နည်းပြ ဆိုးရှား က မန်ချက်စတာ ဒါဘီ ရှုံးပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက်က အခြေအနေတွေကို ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး အသင်းအနေနဲ့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မပျော်မရွှင် ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

ZG

မန္ယူ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ ဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ မန္ယူကေန ထြက္ခြာဖုိ႔ စီစဥ္ထားၿပီး ျဖစ္ပါတယ္။ မန္ယူကလည္း လင္ဂတ္ကို အလြတ္နဲ႔ လက္လႊတ္ရမဲ့အေရးကို စိုးရိမ္လို႔ဇန္န၀ါရီမွာ အၿပီးသတ္ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။

အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ မန္ခ်က္စတာ စီးတီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ၾကားက အဆင့္အတန္း ကြာဟမႈက မယုံႏိုင္စရာပဲလို႔ သရဲနီေဟာင္း ႐ြိဳင္ကိန္းက ေျပာ ဆိုခဲ့ပါတယ္။

မန္ယူအသင္းဟာ မန္စီးတီးကို အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ တုိက္စစ္မွဴး ကာဗာနီကို လိုအပ္ခဲ့တာျဖစ္ေၾကာင္း၊ မန္ယူအေနနဲ႔ ကာဗာနီမပါရင္ အားနည္းသြားတာ ျမင္ေတြ႕ရေၾကာင္း မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က ေထာက္ျပခဲ့ပါတယ္။

ဒီဘရိုင္းကို ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခဲ့တဲ့ မန္ယူ တိုက္စစ္မွဴးစီေရာ္နယ္ဒုိကို မန္စီးတီး ကစားသမားေဟာင္း ဆင္ကလဲယား က ေ၀ဖန္ခဲ့ၿပီး စီေရာ္နယ္ဒိုဟာ သူရဲေဘာေၾကာင္သူျဖစ္ေၾကာင္း၊ ဒီလုပ္ရပ္ဟာ အနည္းငယ္ အက်ည္းတန္ေၾကာင္း ဆုိခဲ့ပါတယ္။

မန္ယူ တုိက္စစ္မွဴး ဆန္ခ်ိဳဟာ မန္ခ်က္စတာဒါဘီမွာ ကြင္းေဘးစညး္မွာ ေသြးပူေလ့က်င့္ခန္း ျပဳလုပ္ေနရင္း အသင္းေဟာင္း မန္စီးတီး ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ မန္စီးတီးပရိသတ္ေတြက စီးတီးရဲ႕ အပယ္ခံေလးလို႔ ဆန္ခ်ိဳကို ေအာ္ဟစ္ ေလွာင္ခဲ့ၾကတာပါ။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္က သူ႔အေနနဲ႔ လက္ရွိအသင္းရဲ႕ရလဒ္ပိုင္းကို စိတ္ပ်က္လ်က္ရွိေနေၾကာငး္၊ သူတို႔အေနနဲ႔ ေျပာင္းလဲမႈေတြျပဳလုပ္ရမွာျဖစ္ေၾကာင္း၊ အေျပာေလွ်ာ့ၿပီး အလုပ္မ်ားမ်ား လုပ္ရမွာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

နည္းျပ ဆိုးရွား က မန္ခ်က္စတာ ဒါဘီ ရံႈးပြဲ အျပီးမွာ မန္ခ်က္စတာ ယူႏိုက္တက္က အေျခအေနေတြကို ေျပာင္းလဲဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္း ထပ္ေလာင္းေျပာဆိုခဲ့ၿပီး အသင္းအေနနဲ႔ လက္ရွိမွာ ႀကဳံေတြ႕ေနရတဲ့ အေျခအေနေတြကို မေပ်ာ္မ႐ႊင္ ျဖစ္ေနေၾကာင္း ဝန္ခံခဲ့ပါတယ္။