မန်ယူ အသင်းခေါင်းဆောင် ဖြစ်လာပေမယ့် အရင်အတိုင်းပဲ နေမယ် ဆိုလာတဲ့ ဘရူနို ဖာနန်ဒက်စ်
ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခြင်းခံလာရမှုကြောင့် ၎င်းရဲ့ အမှုအကျင့် ပြောင်းလဲလာမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
နည်းပြ အဲရစ်တန်ဟက်ဟာ ဟယ်ရီမက်ဂွိုင်းယားကို မန်ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ်မှ ဖယ်ရှားပြီး ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ဒီနွေမှာ ခန့်အပ်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အမြဲတမ်းအသင်းခေါင်းဆောင်သစ်အဖြစ် ပထမဆုံးပွဲအဖြစ် တနင်္ဂနွေနေ့က အာဆင်နယ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်ကစားသွားခဲ့ပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “မန်နေဂျာက ကျွန်တော့်ရဲ့ စည်းကမ်းလိုက်နာနဲ့ ချစ်မြတ်နိုးမှု၊ စိတ်အားထက်သန်မှု၊ အစွမ်းကုန်ပေးဆပ်မှုကို ကြိုက်တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်လုပ်ဆောင်ခဲ့တာတွေ၊ အလုပ်တွဲလုပ်မှုတွေကြောင့် ရွေးချယ်ခံခဲ့ရတာပါ။
အပြောင်းအလဲ လုပ်စရာ မမြင်ပါဘူ။ ပုံမှန် သဘာဝအတိုင်းပဲ နေရပါမယ်။ တခါတလေ ကျွန်တော် မှားနိုင်တယ်။ အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဝတ်အစားလဲခန်းမှာ ကစားသမားကြီးတွေ အများကြီးပါ။ သူတို့ကို ကျွန်တော်ပြောမဲ့အရာက သူတို့ကို ကြီးမားတဲ့အရာပြောင်းလဲနိုင်တယ်ဆိုတာပါ”လို့ ပြောကြားသွားပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဟယ်ရီမက်ဂွိုင်းယား အရန်ခုံတွင် ထိုင်နေရတဲ့ ပွဲများမှာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။