ပေါင် သန်း ၉ဝဝ၊ ပရီးမီးယားလိဂ် စံချိန်တင်ကြေးဖြင့် Adidas နဲ့ (၁ဝ) နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကို ဝတ်စုံစပွန်ဆာပေးနေတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Adidas နဲ့ ပေါင်သန်း ၉၀၀ တန်စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း ဒီနေ့ပဲ တရားဝင် ကြေညာလိုက်ပါတယ်။

စာချုပ်သစ်က ၁၀ နှစ် စာချုပ်ပြီး ၂၀၃၅ အထိ သက်တမ်းရှိတာပါ။ စာချုပ်သစ်အရ တစ်ရာသီကို ပေါင်သန်း ၉၀ ရမှာဖြစ်ပြီး လက်ရှိစာချုပ်ထက် ပိုရတဲ့သဘော ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူဟာ ၂၀၁၅-၁၆ ရာသီကစပြီး Adidas နဲ့ ပေါင်သန်း ၇၅၀ တန်စာချုပ်ချုပ်ဆိုခဲ့တာပါ။ အခုနောက်ဆုံး ချုပ်ဆို လိုက်တဲ့စာချုပ်သစ်က ပရီးမီးယားလိဂ် သမိုင်းမှာ ကြေး အကြီးဆုံး အဖြစ်လည်း စံချိန်တင်သွားပါတယ်။

Adidas ဟာ ၂၀၁၅-၁၆ ကမှ မန်ယူရဲ့ဝတ်စုံစပွန်ဆာအဖြစ် အမေရိကန် Brand ဖြစ်တဲ့ Nike ရဲ့နေရာ အစားဝင်ခဲ့တာပါ။

ဒါပေမဲ့ အရင်က မန်ယူအသင်းကို ၁၉၈၀ ကနေ ၁၉၉၂ အထိ ဝတ်စုံစပွန်ဆာပေးဖူးပါတယ်။ ကာလအတန်ကြာခဲ့ပြီးမှ Adidas နဲ့ပြန်လက်တွဲတာဖြစ်ကာ အခုဆို နှစ်ပေါင်း ၂၀ တိုင်သွားမှာပါ။

စာချုပ်သစ်အရ Adidas ဟာ မန်ယူအမျိုးသမီးအသင်း အတွက်လည်း ဒီဇိုင်းပိုင်းကို ပိုအာရုံစိုက်သွားမှာပါ။ Adidas အနေနဲ့ကလည်း မန်ယူဟာ တန်ဖိုးကြီးဘောလုံး Brand တစ်ခုလို့ သတ်မှတ်ထားတာပါ။