အရှုံးအရသာ စမြည်းလိုက်ရတဲ့ လီဗာပူး၊ လိုချင်သူ ဝိုင်းဝိုင်းလည်နေတဲ့ ဖီးဂျုံးစ်နဲ့ နံနက်ခင်း သတင်းများ

အာဆင်နယ်အသင်းဟာ ညက ဝက်ဖို့ဒ်ကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရာ စမစ် ရိုဝီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးတဲ့ လီဗာပူးဟာ ညက ဝက်စ်ဟမ်းနဲ့ အတွေ့မှာတော့ အဝေးကွင်း ရှုံးပွဲ ကြုံသွားရပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ၃-၂ နဲ့ အနိုင်ယူပြီးတဲ့နောက် အမှတ်ပေးဇယားမှာပါ လီဗာပူး ရှေ့၊ အဆင့် ၃ ရောက်သွားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီး မရှိတော့တဲ့နောက် သူရဲ့နေရာကို ဒေါ့မွန်ရဲ့ နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်း ဝင်ရောက်လာသင့်ပေမယ့် ဟာလန်းက ဘိုင်ယန်ထက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ပိုအံ့ဝင်နိုင်ကြောင်း လိုသာမာသီးယပ်စ်က မှတ်ချက်ပြု ပြောဆိုသွားပါတယ်။

ချယ်ဆီးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်သုံးအသင်းက စောင့်ကြည့်နေတဲ့ ဆယ်ကျော်သက်ကစားသမား ဘန်အဲလီယက်ကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ တိုက်ခိုက်ရနိုင်ဖွယ် ရှိပါတယ်။

လီဗာပူးဟာ ဒန်းဒီးယူနိုက်တက်မှ အသက် ၁၆ နှစ်အရွယ် လူငယ်ခံစစ်သမားလေး ကားစမစ်ကို ခေါ်ယူရေးအတွက် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင်ကြိုးစားလိုနေပါတယ်။

ယာဂင်ကလော့ပ်ဟာ ဒီရာသီမှာ သူ့ကို ဘာလို့ မကျေမနပ် ဖြစ်နေလဲဆိုပြီး ဂါရတ်ဆောက်ဂိတ်က မေးခွန်းထုတ်ခဲ့သလို လီဗာပူးနည်းပြထံကနေ လူသိရှင်ကြား ဝေဖန်မှုတွေရဲ့ အကြောင်းရင်းက ဘာလဲဆိုတာ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ ဖီးဂျုံးစ်ဟာ နှစ်နှစ်လောက် ဘောလုံးတောင် ကောင်းကောင်း မကန်ခဲ့ရပေမယ့်လည်း မယုံနိုင်စရာ ကလပ် ၁၃ ခုရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

နည်းပြဒင်းစမစ်ကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ အက်စတွန်ဗီလာအသင်းဟာ လစ်လပ်သွားခဲ့တဲ့ အသင်းရဲ့ နည်းပြနေရာအတွက် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းရဲ့ နည်းပြဖြစ်သူ စတီဗင်ဂျရတ်နဲ့ အစားထိုးချင်နေပြီး လတ်တလောမှာ ဂျရတ်ကိုသာ အဓိကပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ညက ဝက္ဖို႔ဒ္ကို အမ္းမရိတ္မွာ ဧည့္ခံ ကစားရာ စမစ္ ရိုဝီရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႕ အနိုင္ရရွိသြားခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ ရံႈးပြဲ မရွိေသးတဲ့ လီဗာပူးဟာ ညက ဝက္စ္ဟမ္းနဲ႕ အေတြ႔မွာေတာ့ အေဝးကြင္း ရံႈးပြဲ ၾကံဳသြားရျပီ ျဖစ္ပါတယ္။ ဝက္စ္ဟမ္းက ၃-၂ နဲ႕ အနုိင္ယူျပီးတဲ့ေနာက္ အမွတ္ေပးဇယားမွာပါ လီဗာပူး ေရွ႕၊ အဆင့္ ၃ ေရာက္သြားပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းမွာ ပိုလန္တိုက္စစ္မႉးႀကီး ေရာဘတ္လီဝန္ေဒါစကီး မရွိေတာ့တဲ့ေနာက္ သူရဲ႕ေနရာကို ေဒါ့မြန္ရဲ႕ ေနာ္ေဝတိုက္စစ္မႉး အာလင္းဟာလန္း ဝင္ေရာက္လာသင့္ေပမယ့္ ဟာလန္းက ဘိုင္ယန္ထက္ ရီးယဲလ္မက္ဒရစ္အသင္းမွာ ပိုအံ့ဝင္ႏိုင္ေၾကာင္း လိုသာမာသီးယပ္စ္က မွတ္ခ်က္ျပဳ ေျပာဆိုသြားပါတယ္။

ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္သုံးအသင္းက ေစာင့္ၾကည့္ေနတဲ့ ဆယ္ေက်ာ္သက္ကစားသမား ဘန္အဲလီယက္ကို အသင္းမွာ ဆက္ထိန္းသိမ္းထားဖို႔ တိုက္ခိုက္ရႏိုင္ဖြယ္ ရွိပါတယ္။

လီဗာပူးဟာ ဒန္းဒီးယူႏိုက္တက္မွ အသက္ ၁၆ ႏွစ္အ႐ြယ္ လူငယ္ခံစစ္သမားေလး ကားစမစ္ကို ေခၚယူေရးအတြက္ ပရီးမီးယားလိဂ္ ကလပ္ေတြနဲ႔ အၿပိဳင္ႀကိဳးစားလိုေနပါတယ္။

ယာဂင္ကေလာ့ပ္ဟာ ဒီရာသီမွာ သူ႔ကို ဘာလို႔ မေက်မနပ္ ျဖစ္ေနလဲဆိုၿပီး ဂါရတ္ေဆာက္ဂိတ္က ေမးခြန္းထုတ္ခဲ့သလို လီဗာပူးနည္းျပထံကေန လူသိရွင္ၾကား ေဝဖန္မႈေတြရဲ႕ အေၾကာင္းရင္းက ဘာလဲဆိုတာ မသိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ေနာက္ခံလူ ဖီးဂ်ဳံးစ္ဟာ ႏွစ္ႏွစ္ေလာက္ ေဘာလုံးေတာင္ ေကာင္းေကာင္း မကန္ခဲ့ရေပမယ့္လည္း မယုံႏိုင္စရာ ကလပ္ ၁၃ ခုရဲ႕ စိတ္ဝင္စားမႈကို ရရွိေနပါတယ္။

နည္းျပဒင္းစမစ္ကို ရာထူးကေန ထုတ္ပယ္ထားတဲ့ အက္စတြန္ဗီလာအသင္းဟာ လစ္လပ္သြားခဲ့တဲ့ အသင္းရဲ႕ နည္းျပေနရာအတြက္ စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းရဲ႕ နည္းျပျဖစ္သူ စတီဗင္ဂ်ရတ္နဲ႔ အစားထိုးခ်င္ေနၿပီး လတ္တေလာမွာ ဂ်ရတ္ကိုသာ အဓိကပစ္မွတ္ထားလ်က္ ရွိေနတယ္လို႔ သိရပါတယ္။