မန်ချက်စတာမြို့ကို ရောက်ပြီး ဆေးစစ်ပြီးသွားတဲ့ တိုက်စစ်မှုး ဟွိုင်လန်း ဆိုတာ ဘယ်လို ကစားသမားလဲ

မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စကို စာချုပ်လက်မှတ် ရေးထိုးဖို့နဲ့ တရားဝင်ကစားသမားအဖြစ် ကြေညာနိုင်ဖို့အ တွက် တိုက်စစ်မှူး ရာမက်စ် ဟွိုင်လန်း ဟာ မန်ချက်စတာမြို့ကို ရောက်နေပြီဖြစ်ပါတယ်။

အတ္တလန္တာတိုက်စစ်မှုး ဟွိုင်လန်း ဟာ အိုးလ်ထရက်ဖို့ဒ်ဆီကို ပြောင်းရွှေ့ဖို့အတွက် ပေါင် ၇၂ သန်းနဲ့ သဘော တူညီချက် ရခဲ့တာဖြစ်ပြီး မန်ချက်စတာကလပ်နဲ့အတူ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူဟာ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်း ပေးချေရမှာဖြစ်ပြီး နောက်ထပ် ၈ သန်းကတော့ ထပ်ပေါင်းကြေး အနေနဲ့ ပေးချေရမှာ ဖြစ်ပါတယ်။

အီတလီကနေ ထွက်လာပြီးတဲ့နောက် မန်ချက်စတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ရောက်လာတဲ့ ဟွိုင်လန်း ကို လည်း သတင်းဓာတ်ပုံတွေအရ မြင်ခဲ့ရပါတယ်။

အသက် ၂၀ အရွယ် ဒိန်းမတ် လက်ရွေးစင်ဟာ မန်ယူအသင်းနဲ့အတူ ဒီကနေ့မှာဆိုရင်တော့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ခံယူသွားပြီ လို့လည်း သိရပါတယ်။

ဟွိုင်လန်း ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန္တာအသင်းအတွက် စီးရီးအေ အမှတ်ပေးပြိုင်ပွဲ ၃၂ ပွဲ ကစားပြီး ၉ ဂိုးသွင်းခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ သြစတြီးယားကလပ် စတမ်းဂရတ်ဇ်အသင်း ကစားသမားဟောင်းဖြစ်တဲ့ ဟွိုင်လန်း ဟာ နိုင်ငံလက်ရွေးစင် အသင်းအတွက် ပွဲထွက်ခွင့် တော်တော်များများ ရခဲ့သူဖြစ်ပြီး ၆ ဂိုး သွင်းနိုင်ခဲ့တဲ့ ကစားသမားပါ။

ဟွိုင်လန်း ရဲ့ ပေါက်ကွဲအား ကောင်းတဲ့ ကစားပုံနဲ့ ခပ်တင်းတင်း ကစားပုံကြောင့် မန်စီးတီး တိုက်စစ်မှူး အာလင်းဟာလန်းနဲ့ ခိုင်းနှိုင်းပြောဆိုတာမျိုးလည်း ရှိကြပါတယ်။ အဲဒီလို ပြောတဲ့သူတွေထဲမှာ အတ္တလန္တာနည်းပြဖြစ်တဲ့ ဂက်စ်ပါရီနီလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

” ဟာလန်းနဲ့ သူနဲ့ ပုံစံတွေကတော့ တော်တော်လေးကို တူတာ။ အထူးသဖြင့် မြန်နှုန်းမြင့် ကစားတဲ့နေရာမျိုးမှာပေါ့။ သူက အရမ်းကို လျင်မြန်တဲ့ ကစားသမားပါ။ သူ က မီတာ ၁၀၀ လောက်ကို ၁၁ စက္ကန့်အတွင်းမှာ ပြေးနိုင်တယ်။

သူရဲ့ အရပ်အမောင်းအရ မယုံနိုင်စရာကောင်းတဲ့ ခြေလှမ်းသွားနှုန်းရှိပြီး ကမ္ဘာမြေ ဆွဲငင်အားကိုလည်း တုံ့ပြန်နိုင်စွမ်း မြင့်တဲ့သူဖြစ်တယ်။ သူဟာ အရမ်းကောင်းတဲ့ ကစားသမားဘ၀ ဖြတ်သန်းမှုတစ်ခုကို ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်တော် ယုံ ကြည်ပါတယ်။

နည်းစနစ်ပိုင်းအရကြည့်ရင် သူဟာ အမြဲတမ်း မတူတာတွေကို လုပ်ပြတတ်ပြီး ပိုကောင်းတာတွေ လုပ်ပြမှာပါ။ ” လို့ ဂက်စ်ပါရီနီက ဟာလန်းနဲ့ ဟွိုင်လန်း တို့ တူတဲ့အကြောင်းကို ပြောခဲ့တာရှိပါတယ်။