အဆိုးဆုံး ခေါ်ယူမှု၊ ဒီတပတ်ထဲ ထူးမယ့် ဖရက်၊ ကြေညာတော့မယ့် ဟွိုင်လန်း၊ ပြောင်းဖို့ ခက်နေတဲ့ ဟန်ဒါဆန်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ
အတ္တလန်တာ တိုက်စစ်မှူးလေး ရပ်စ်မတ် ဟွိုင်လန်း ကတော့ မနေ့က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှု ပြုလုပ် သွားခဲ့ ပါတယ် ။ ဖာဘရီဇီယို ရိုမာနို ရဲ့ အဆိုအရ လာမယ့် ၄၈ နာရီ အတွင်းမှာ ဟွိုင်လန်း ရဲ့ အပြောင်းအရွှေ့ အပြီးသတ် ကြေညာနိုင်မယ်လို့ သိရပါတယ်။
စပိန် လာလီဂါ ကလပ် ရီးရဲ ဆိုဆီဒက် အသင်းဟာ မန်ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေဆဲ ဖြစ်ပါတယ်။ ဆိုဆီဒက် ဟာ အနားယူသွားတဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဒါးဗစ် ဆေးလ်ဗား ရဲ့ နေရာကို အစားထိုးဖို့ ရှာဖွေ နေဆဲ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူအသင်းဟာ ဒီတပတ်ထဲမှာ ဖရက်ဒ်ကို ရောင်းချနိုင်မယ် လို့ ရည်မှန်းထားပါတယ်။ ဂါလာတာစာရေးကလည်း ဖရက်ဒ်ကို ခေါ်ယူရေး ဒီရက်ပိုင်း အတွင်း တွန်းအားပေး လှုပ်ရှားနေသလို ဆော်ဒီနဲ့ တခြား ကလပ်တွေဆီလည်း ဖရက်ဒ် ရောက်သွားနိုင်တယ် လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
ဒင်း ဟန်ဒါဆန်ရဲ့ နော့တင်ဟမ် ဖောရက်စ်ထံ အပြီး ပြောင်းရွှေ့ရေးဟာ အခက်အခဲကြီး တစ်ခု ကြုံလာပြီ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ အာဆင်နယ် ဂိုးသမား မက် တန်နာကို ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် ဟန်ဒါဆန် ကိစ္စက မှေးမှိန်သွားတာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားသစ်ဖြစ်သူ အန်ဒရေ အိုနားနား ရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမား ဖြစ်သူဟာ မန်ချက်စတာဆီ မရောက်မီ ပရီးမီးယားလိဂ် ကလပ် အသင်းနှစ်သင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သေးကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ်။ ထိုနှစ်သင်းကတော့ စပါးနဲ့ ချယ်ဆီးအသင်း ဖြစ်ပါတယ်။
နာမည်ကျော် ဘွတ်ကီဝက်ဘ်ဆိုက်ဖြစ်တဲ့ Sky Bet က ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုက ဘယ်သူဖြစ်မလဲဆိုတာ ပရိသတ်တွေဆီ မဲဆန္ဒကောက်ခံခဲ့ပြီး ပရိသတ်တွေကတော့ ၂၀၁၆ ခုနှစ်တုန်းက ပေ့ါဘာရဲ့အပြောင်းအရွှေ့ကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။
ဂိုးသမား အိုနာနာက ဒေါ့မွန်နဲ့ ပွဲမှာ မက်ဂွဲရားကို အော်ငေါက်ခဲ့တာမျိုးက မျှော်လင့်ထားတဲ့ ကိစ္စလောက်ပဲ ဖြစ်တယ်လို့ လုခ်ရှောက ဆိုပါတယ်။ အိုနာနာက ခံစစ်သမားတွေကို အမှားမလုပ်အောင် ထိန်းပေးနိုင်မယ်လို့ ရှောက မျှော်လင့်ထားတာပါ။