အရည်အသွေးကောင်းတွေကြောင့် မန်ယူမှာ ဆက်ရှိနေဖို့ သေချာသွားတဲ့ ဂန္တဝင်ကြီး ဂျွန်နီအီဗန်စ်
မြောက်အိုင်ယာလန် လက်ရွေးစင် ကစားသမား ဂျွန်နီအီဗန်စ်ဟာ လက်စတာမှထွက်ခွာလာပြီးနောက် မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ သေချာနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
အသက်-၃၅ နှစ်အရွယ် ဝါရင့်နောက်တန်းကစားသမားဟာ ယူနိုက်တက်နဲ့ ရာသီကြိုကာလအတွက် အံ့အားသင့်ဖွယ် ကာလတို စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လူးဝစ်ဗန်ဟားလ်လက်ထက်မှာ ယူနိုက်တက်မှ ဝက်စ်ဘရွန်းသို့ ပြောင်းရွှေ့ခဲ့တဲ့ အီဗန်ဟာ ယခုနွေရာသီမှာ လက်စတာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ယူနိုက်တက်သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
Belfast Telegraph ရဲ့အဆိုအရ ယခုအခါ ယူနိုက်တက်နဲ့ကစားသမားအကြား စည်းမျဉ်းများကို ခေတ္တရပ်စဲ ထားသော်လည်း လာမယ့်ရာသီ၌ အသင်းမှာ ဆက်လက်ကျန်ရှိနေမှာဖြစ်ပြီး အရန်ကစားသမားအဖြစ် နောက်တန်းမှာ ပါဝင် ကစားသွားမှာဖြစ်ပါတယ်။
အီဗန်စ်ရဲ့ ဝါရင့်တဲ့ဘောလုံးကစားသမားဘဝသက်တမ်း၊အတွေ့အကြုံ၊ စိတ်နေစိတ်ထားနဲ့၊ ဘောလုံး အရည်အသွေး တို့ကြောင့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ကစားသမားကို အသင်းမှာ ဆက်လက်အသုံးပြုဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။