လက်ရှိ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကောင်းဆုံး လူငယ် ၂ဦးကို ပိုင်ဆိုင်ထားပြီး ရွှေခေတ်ကို ပြန်လှမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်
ဟိုယခင် မန်ချက်စတာ ယူနိုက်တက် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကာလတွေကို ကြည့်မယ်ဆိုရင် လူငယ်တွေကို ယုံယုံကြည်ကြည်နေရာပေးပြီး တည်ဆောက်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒီတစ်ကြိမ်မှာလည်း ယူနိုက်တက် ဒီနည်းလမ်းကို ပြန်လည်အ သုံးပြုမယ့်အလားအလာ မြင်တွေ့နေရပါတယ်။
အခုဆိုရင် လူငယ် တိုက်စစ်မှူး ရာမာစ် ဟွိုင်လန်း ရောက်ရှိလာမှုနဲ့အတူ အိုးထရတ်ဖို့ဒ်က ခေတ်တစ်ခေတ် စတင်ဖို့ ဟန်ပြင်နေပြီဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ( ၂၀ ) အရွယ် တိုက်စစ်မှုး ဟွိုင်လန်းကို ယူနိုက်တက်က လာမယ့် ဆယ်စုနှစ်တစ်ခုစာ အသင်းရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်လာဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်မှာ ဟွိုင်လန်းကို ဝန်းရံမယ့် လူငယ်ကြယ်ပွင့် ကစားသမားတွေလည်း အသင့်ရှိနေပါတယ်။ သူကတော့ ဂါနာချိုပါ။
အယ်လေဟန်ဒရို ဂါနာချို နှင့် ရာမာစ် ဟွိုင်လန်း တို့ဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး လူငယ်ကစားသမားတွေထဲ က (၂) ဦးဖြစ်ပါတယ်။
အသက် (၂၀) အရွယ် ဟွိုင်လန်း နှင့် (၁၉) နှစ်အရွယ် ဂါနာချိုတို့ဟာ ဒဏ်ရာကင်းစင်ပြီး လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်နေမယ်ဆိုရင် နောင်နှစ်ပေါင်းများစွာထိ မန်ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေဖြစ်နေမှာ သေချာပါတယ်။
သူတို့ (၂) ဦးဟာ တစ်ဦးပေါ် တစ်ဦး အကျိုးပြုနိုင်မယ့်သူတွေဖြစ်ပြီး သူတို့ရဲ့ တိုက်ရိုက်ကျတဲ့ ကစားဟန် လျင်မြန်မှုတွေက ပြိုင်ဘက်နောက်ခံလူတိုင်းအတွက် အိပ်မက်ဆိုးဖြစ်နေမှာ သေချာပါတယ်။
ဟွိုင်လန်းနဲ့ ဂါနာချိုတို့ဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်ရုံသာမက အကြောက်အရွံမရှိပဲ ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်ကြသူတွေဖြစ်ပါတယ်။
နောက်ပြီး သူတို့ (၂) ဦးဟာ ယူနိုက်တက် ဂန္တဝင် ခရစ္စတီယာနို ရော်နယ်ဒိုကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ် ထားကြပုံခြင်း လည်း တူညီပါတယ်။
ဂါနာချို နဲ့ ဟွိုင်လန်းတို့ကို ဘရူနို ဖာနန်ဒက်စ် ၊ ခရစ်ရှန် အဲရစ်ဆင် နှင့် ကက်စမဲရိုးတို့လို အရည်အချင်းပြည့်ဝတဲ့ ဝါရင့်ကစားသမားတွေက လမ်းညွှန်ရှောက်စောင့်ပေးမှာ သေချာပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ရွှေရောင် လွှမ်းမယ့် တစ်ခေတ် အတွက် မျှော်လင့်ချက် ရောင်နီတွေကတော့ ထွက်ပေါ်လာနေပြီ ဆိုရမှာပါ။