လျှို့ဝှက် ဆွေးနွေးမှု၊ ဖီအိုရင်တီးနားရဲ့ ချန်လှပ်ခံရပြီး သရဲနီသစ် ဖြစ်လာဖို့ ပိုနီးစပ်လာတဲ့ အမ်မရာဘတ်
နောက်ဆုံးသတင်းတွေအရ ကွင်လယ်လူ အမ်မရာဘတ်ရဲ့ မန်ယူ အပြောင်းအရွှေ့ဟာ ပိုလို့တောင် နီးစပ်သွားပြီလို့ သိရပါတယ်။
မော်ရိုကိုလက်ရွေးစင်ကစားသမားအတွက် ဖီအိုရင်တီးနားနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ လျှို့ဝှက်ဆွေးနွေးမှုလုပ်ခဲ့ကြတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
တိုက်စစ်မှုးဟော့လန်းကို ခေါ်ယူမှုပြီးစီးခဲ့ပြီဖြစ်လို့ အခုဆို အမ်မရာဘတ်ဟာ မန်ယူရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ကာတာကမ္ဘာ့ဖလားမှာ ဆီမီးရောက်ခဲ့တဲ့ မော်ရိုကိုအတွက် ခြေစွမ်းပြသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။
အဲဒီတုန်းက သူ့ရဲ့စွမ်းဆောင်မှုကြောင့်လည်း ပီအက်စ်ဂျီ၊ အက်သလက်တီကိုနဲ့လီဗာပူးတို့အပါအဝင် ဥရောပ အသင်းကြီးတွေရဲ့မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။
ဖီအိုရင်တီးနားကတော့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့ သူတို့ရဲ့ကစားသမားအတွက် ပေါင်သန်း ၃၀ ဝန်းကျင်လိုချင်နေတာပါ။
မန်ယူဟာ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက အမ်မရာဘတ်ကို ခေါ်လိုခဲ့ပေမယ့် ဖီအိုက လက်မလွှတ်ချင်ဖြစ်ခဲ့ပါတယ်။ အမ်မရာဘတ်ကိုယ်တိုင်ကလည်း မန်ယူကိုသာ ပြောင်းလိုနေပြီး ဝက်စ်ဟမ်းနဲ့ ဆော်ဒီကလပ်တွေရဲ့ချဉ်းကပ်မှုကို ပယ်ချထားတာပါ။
အခုဆိုရင် အမ်မရာဘတ်ဟာ ဖီအိုရင်တီးနားရဲ့လာမယ့်ခြေစမ်းပွဲအတွက် လူစာရင်းမှာ မပါဝင်လို့ မန်ယူအပြောင်းအရွှေ့က ပိုနီးစပ်လာပါတယ်။
မန်ယူကလည်း ဖရတ်နဲ့ ဗန်ဒီဘိခ်တို့ကို လက်လွှတ်ပြီးတာနဲ့ အမ်မရာဘတ်အပြောင်းအရွှေ့ကို ပိုအရှိန်မြှင့်မှာပါ။