မန်ယူ ကင်းထောက်တွေ စောင့်ကြည့်နေတဲ့ ပေါင် ၁၃ သန်းတန် ဘရာဇီးလ် တိုက်စစ်မှူးလေး

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုးမား နဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းတို့ စိတ်ဝင်စားနေကြတဲ့ ဆန်းတို့စ် အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူးလေး မားကို့စ် လီယိုနာဒိုကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ယူ-၂၀ တိုက်စစ် ကစားသမားလေး လီယိုနာဒိုဟာ ဆန်းတို့စ် အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့အတွက် သူ့ကို ဥရောပ ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ရတာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အီတလီ အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Calciomercato ရဲ့ ဖော်ပြချက်မှာတော့ ဆန်းတို့စ်အသင်းက သူတို့ ကစားသမားလေး လီယိုနာဒိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၁၃)သန်းလောက်အထိ ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ လီယိုနာဒိုကို စီးရီးအေ ကလပ်အသင်းတွေဖြစ်တဲ့ ရိုးမား လာဇီယိုတို့အပြင် နော်တင်ဟမ်ကလည်း စိတ်ဝင်စားလျက် ရှိနေပြီး လက်ရှိ အနေအထားအရ ရိုးမားအသင်းက လီယိုနာဒိုကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ ၎င်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဒီ ဘရာဇီးလ် တိုက်စစ်မှူးလေး လီယိုနာဒိုကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကလည်း စောင့်ကြည့်နေပြီး ယူနိုက်တက်ကလည်း အထောင် တိုက်စစ်နေရာအတွက် ကစားသမား (၂)ဦးခန့် လိုအပ်တာကြောင့် ဟွိုင်လန်းကို ခေါ်ယူပြီးတာတောင် နောက်ထပ် တိုက်စစ်မှူးတစ်ဦးပါ ထပ်မံ ခေါ်ယူဖို့ ရှိနေပါတယ်။

လက်ရှိမှာ မေဆင် ဂရင်းဝုဒ် အသင်းနဲ့ ပြန်လည် ပူးပေါင်းခွင့် ရမရက မသေချာသေးတာဖြစ်လို့ တကယ်လို့ ဂရင်းဝုဒ်ကိုသာ အသင်းရဲ့ လူစာရင်း ထဲ ထည့်သွင်းလာခြင်း မရှိဘူးဆိုရင်တော့ လီယိုနာဒိုကို ခေါ်ယူဖို့ကလည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။