ပွဲဦးထွက် အရှုံးနဲ့ ကြုံပြီး ခြေစွမ်းမပြတဲ့ အသင်းသားသစ် ဂရီးလစ်ချ် အပေါ် စီးတီးနည်းပြ ပက် သဘောထား
မန်စီးတီးအနေနဲ့ လာမယ့်အပတ်မှာ စတင်မယ့် ပရီးမီးယားလိဂ် ရာသီသစ်အတွက် အဆင်သင့် မဖြစ်သေးကြောင်းနဲ့ ပြီးခဲ့တဲ့ရာသီကလိုပဲ တာထွက်နှေးနိုင်ကြောင်း နည်းပြဂွါဒီယိုလာက သတိပေးလိုက်ပါတယ်။
ဘရာဇီးနဲ့ အင်္ဂလန်လက်ရွေးူစင်တွေက ကိုပါအမေရိကနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ အသီးသီးကစားခဲ့ရပြီးနောက် ယခုတစ်ပတ်ကျမှ စီးတီးနဲ့ ထရိန်နင်ပြန်ဆင်းနိုင်တာဖြစ်လို့ ဂွါဒီယိုလာက တော့တင်ဟမ်နဲ့ ကစားရမယ့် ရာသီအဖွင့်ပွဲမှာ ပွဲကစားဖို့ အသင်းသားတွေဘက်က အဆင်သင့်ဖြစ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ကစားသမားသစ် ဂရီးလစ်ချ်ဘက်ကနေ ကာကွယ်သွားခဲ့ပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပါဝင်ကစားပြီးနောက် ၄ပတ်ကြာ ပွဲမကစားခဲ့ရပေမယ့် လက်စတာကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီပွဲမှာ လူစားဝင်အဖြစ် ၂၅မိနစ်ကြာ ကစားခဲ့ပါတယ်။
“ဂရီးလစ်ချ်က တကယ်ပဲကောင်းကောင်းကစားခဲ့ပါတယ်။ ဂရီးလစ်ချ်ဟာ ၂၅မိနစ်ပဲကစားဖို့ ဒီကို ရောက်လာတာမဟုတ်ပါဘူး။ ၅နှစ်၊ ၆နှစ် အတွက် ရောက်လာတာပါ “လို့ ဂွါဒီယိုလာက ပြောပါတယ်။
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ကြားရက်အတွင်းကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ခြေစမ်းပွဲမှာ ခြေထောက်ကျိုးဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဖိုဖာနာဟာ အရွတ်ကြောလည်း စုတ်ပြဲသွားလို့ အနည်းဆုံး ၆လကြာအနားယူရမှာဖြစ်ကြောင်း ဆိုပါတယ်။
Zawgyi
ဘရာဇီးနဲ့ အင်္ဂလန်လက်ရွေူးစင်တွေက ကိုပါအမေရိကနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ အသီးသီးကစားခဲ့ရပြီးနောက် ယခုတစ်ပတ်ကျမှ စီးတီးနဲ့ ထရိန်နင်ပြန်ဆင်းနိုင်တာဖြစ်လို့ ဂွါဒီယိုလာက တော့တင်ဟမ်နဲ့ ကစားရမယ့် ရာသီအဖွင့်ပွဲမှာ ပွဲကစားဖို့ အသင်းသားတွေဘက်က အဆင်သင့်ဖြစ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ကစားသမားသစ် ဂရီးလစ်ခ်ျဘက်ကနေ ကာကွယ်သွားခဲ့ပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပါဝင်ကစားပြီးနောက် ၄ပတ်ကြာ ပွဲမကစားခဲ့ရပေမယ့် လက်စတာကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီပွဲမှာ လူစားဝင်အဖြစ် ၂၅မိနစ်ကြာ ကစားခဲ့ပါတယ်။