ဝက်စ်ဟမ်းကို ရှုံးတဲ့ ပွဲ ရလဒ် အတွက် ဆင်ခြေပေးသွားတဲ့ လီဗာပူး နည်းပြ ကလော့ပ်
လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က တနင်္ဂနွေနေ့ည မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ် ရှုံးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။
ထိုပွဲမှာ လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ခြေစွမ်းပိုင်းအရ သိသိသာသာ အသာစီး ရယူနိုင်ခဲ့ခြင်း မရှိပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တချို့က အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ ဘယ်နောက်ခံလူ ခရက်စ်ဝဲလ်ရဲ့ ဥပဒေပ ဖျက်ထုတ်မှုကို လျစ်လျူရှုခဲ့တဲ့ ဖြစ်ရပ်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ အတော်လေး မှားယွင်းခဲ့ကြောင်း ဝေဖန်လိုက်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့တဲ့ အပေါ် နားမလည်နိုင်ဘူးလို့လည်း ဆိုသွားပါတယ်။
ကလော့ပ်က – “ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးက အယ်လီဆန် အပေါ် သိသိသာသာကြီး ပြစ်ဒဏ်ကျူးလွန်ပြီးမှ ရခဲ့တယ်လို့ ထင်ပါတယ်။ အော့စ်ဘိုနာရဲ့ လက်မောင်းက အယ်လီဆန်ကို ကွယ်နေခဲ့ပါတယ်။ ဒါကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုခဲ့သလို VAR ကြောင့် ဂိုးအဖြစ် ခွင့်ပြုခဲ့တာပါလို့ လွယ်လွယ်ပဲ ဆင်ခြေပေးခဲ့ပါတယ်။
သူတို့ကတော့ ဒီဂိုးဟာ အငြင်းပွားစရာ မရှိတဲ့ ဂိုးလို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အမြင် မှာတော့ ဒါက လူကပ်တာ မဟုတ်ပါဘူး။ ဂိုးသမားရဲ့ အမြင်ပိုင်းကို ကွယ်နေတာပါ။ လူတွေက ရှုံးပွဲတွေ့လို့ ကျွန်တော် ဆင်ခြေပေးနေတယ်လို့ ထင်နေပါလိမ့်မယ်။
တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော်က ရှုံးရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ကစားပုံ မကောင်းခဲ့လို့ ရှုံးခဲ့တာပါ။ ဒါကို ကျွန်တော် လက်ခံတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့တယ်လို့တော့ မျက်လုံးစုံမှိတ်ပြီး မပြောချင်ပါဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ပါတယ်” လို့ ဝေဖန်သွားခဲ့တာပါ။
လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ ရမှတ် ၄မှတ် အထိ ကွာဟသွားခဲ့ပါတယ်။

ZG
လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ဂ်ာဂင္ ကေလာ့ပ္က တနဂၤေႏြေန႔ည မွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္ ရႈံးနိမ့္ခဲ့ရတာဟာ ကြင္းလယ္ဒိုင္ရဲ႕ အမွားေတြေၾကာင့္ ျဖစ္ေၾကာင္း ပြဲအၿပီးမွာ ဆင္ေျခေပးသြားခဲ့ပါတယ္။
ထိုပြဲမွာ လီဗာပူးအသင္းက ဝက္စ္ဟမ္းအသင္းကို ေျခစြမ္းပိုင္းအရ သိသိသာသာ အသာစီး ရယူႏိုင္ခဲ့ျခင္း မရွိေပမယ့္ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ တခ်ိဳ႕က အျငင္းပြားစရာ ျဖစ္ခဲ့ၿပီး ဝက္စ္ဟမ္းအသင္းရဲ႕ ဘယ္ေနာက္ခံလူ ခရက္စ္ဝဲလ္ရဲ႕ ဥပေဒပ ဖ်က္ထုတ္မႈကို လ်စ္လ်ဴရႈခဲ့တဲ့ ျဖစ္ရပ္အေပၚ ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါတယ္။
လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ဂ်ာဂင္ ကေလာ့ပ္ ကေတာ့ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ အေတာ္ေလး မွားယြင္းခဲ့ေၾကာင္း ေဝဖန္လိုက္ၿပီး ဝက္စ္ဟမ္းအသင္းရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့တဲ့ အေပၚ နားမလည္ႏိုင္ဘူးလို႔လည္း ဆိုသြားပါတယ္။
ကေလာ့ပ္က – “ဝက္စ္ဟမ္းရဲ႕ အဖြင့္ဂိုးက အယ္လီဆန္ အေပၚ သိသိသာသာႀကီး ျပစ္ဒဏ္က်ဴးလြန္ၿပီးမွ ရခဲ့တယ္လို႔ ထင္ပါတယ္။ ေအာ့စ္ဘိုနာရဲ႕ လက္ေမာင္းက အယ္လီဆန္ကို ကြယ္ေနခဲ့ပါတယ္။ ဒါကို ကြင္းလယ္ဒိုင္က ဂိုးအျဖစ္ ခြင့္ျပဳခဲ့သလို VAR ေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳခဲ့တာပါလို႔ လြယ္လြယ္ပဲ ဆင္ေျခေပးခဲ့ပါတယ္။
သူတို႔ကေတာ့ ဒီဂိုးဟာ အျငင္းပြားစရာ မရွိတဲ့ ဂိုးလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕အျမင္ မွာေတာ့ ဒါက လူကပ္တာ မဟုတ္ပါဘူး။ ဂိုးသမားရဲ႕ အျမင္ပိုင္းကို ကြယ္ေနတာပါ။ လူေတြက ရႈံးပြဲေတြ႕လို႔ ကြၽန္ေတာ္ ဆင္ေျခေပးေနတယ္လို႔ ထင္ေနပါလိမ့္မယ္။
တကယ္ေတာ့ အဲ့ဒီလို မဟုတ္ပါဘူး။ ကြၽန္ေတာ္က ရႈံးရတာကို မႀကိဳက္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ ကစားပုံ မေကာင္းခဲ့လို႔ ရႈံးခဲ့တာပါ။ ဒါကို ကြၽန္ေတာ္ လက္ခံတယ္။ ဒါေပမယ့္ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ေတြက မွန္ကန္ခဲ့တယ္လို႔ေတာ့ မ်က္လုံးစုံမွိတ္ၿပီး မေျပာခ်င္ပါဘူး။ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြ မွားယြင္းခဲ့ပါတယ္” လို႔ ေဝဖန္သြားခဲ့တာပါ။
လီဗာပူးအသင္းဟာ ဝက္စ္ဟမ္းအသင္းကို အေရးနိမ့္ခဲ့ၿပီး ေနာက္ဆုံး ပရီးမီးယားလိဂ္ ၂ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးကာ အမွတ္ေပးဇယားရဲ႕ အဆင့္(၁)ေနရာမွာ ရွိေနတဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ ရမွတ္ ၄မွတ္ အထိ ကြာဟသြားခဲ့ပါတယ္။