ဖရက်ဒ်ကို စောင့်နေတဲ့ ဟွိုင်လန်း၊ တန်ဟက်ရဲ့ ကျေနပ်စကား၊ ဝက်စ်ဟမ်းရဲ့ ၃ကြိမ်မြောက် ကမ်းလှမ်းမှုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဘီလ်ဘာအို နဲ့ ပွဲစဉ်မှာ နောက်ကနေ လိုက်ကစားပြီး သရေ ရလဒ် ရယူပေးနိုင်ခဲ့ကြတဲ့ အသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ချီးကျူးစကားတွေ ဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်မှူးသစ်လေး ဟွိုင်လန်း အတွက် ကျောနံပါတ် ကို မသတ်မှတ်ပေး ပေသးဘဲ ဖရက်ဒ် ၊ မာစီရယ် တို့ကို ဦးစွာ ရောင်းထုတ်ဖို့ လုပ်ဆောင်နေပါတယ်။ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ် ဟာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ၁၀၀% သေချာမှု ရှိနေတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။
ဝက်စ်ဟမ်း အသင်းက ယူနိုက်တက် ကွင်းလယ် ကစားသမား စကော့ မက် တော်မီနေး အတွက် ပေါင် သန်း ၄ဝ နဲ့ တတိယ အကြိမ် ကမ်းလှမ်းခဲ့ပြီး မန်ချက်စတာကလပ်ကတော့ ပယ်ချသွားခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက် နောက်ခံလူ ဗာရန်းက ဘောလုံး ပွဲစဉ်တွေ မိနစ် ၁ဝဝ နီးပါး အချိန်ကြာရှည်စွာ ကစားလာရတဲ့ အပေါ် ဖီဖာ ထံ ကန့်ကွက်စာ တင်သွင်းသွားခဲ့ပါတယ်။
စည်းမျဉ်းတွေ ပြောင်းပြီး ဒီလို ပွဲချိန် ကြာ ကစားရမှာ အတွက် ကစားသမားတွေထံက အမြင် သဘောထား လုံးဝ မေးမြန်း တောင်းခံခြင်း မပြုလုပ်ခဲ့တာကိုလည်း ဗာရန်းက ထောက်ပြခဲ့ပါတယ်။
ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွဲရားဟာ အက်သလက်တီ ဘီဘာအိုနဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ဂိုးပေးလိုက်ရတဲ့ ဆုံးဖြတ်ချက် အမှား လုပ်ခဲ့တာကြောင့် များစွာ ဝေဖန်ပြောဆို ခံနေရပါတယ်။
ဒါ့အပြင် ထိုစဉ်က ပွဲထဲမှာ အတူ ရှိနေတဲ့ မက်ဂွဲရား ထက် ၁၂ နှစ်တောင် ငယ်ရွယ်သူ လူငယ်လေး Dan Gore ကလည်း မက်ဂွဲရားက အမျက်ထွက် ဆူပူနေခဲ့တာကို တွေ့ရပြီး အင်္ဂလန်သား အတွက် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ တိုက်စစ်မှုးသစ် ဟွိုင်လန်းအား ကျောနံပါတ် ပေးဖို့ အချိန်ဆွဲနေသေးကြောင်း သိရပါတယ်။ ယူနိုက်တက်မှာ ကစားသမား အထွက်တွေ လာဖို့ ရှိနေတာကြောင့် ကျောနံပါတ် ကို ရွေးချယ် စဉ်းစားနေတာပါ။