ဂိုး အိုနာနာ ပြီး နောက်ထပ် အိုနာနာ တစ်ဦးကိုပါ ချိတ်ဆက်နေသေးတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမား အာမာဒူ အိုနာနာကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းမှာ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှာ မေဆန်မောင့် ၊ ဂိုးသမား အိုနာနာ နဲ့ ဟွိုင်လန်းတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း နောက်ထပ် ကစားသမား တစ်ဦး ဒါမှမဟုတ် နှစ်ဦးလောက် ခေါ်ယူသွားဖို့ ရှိနေရာ အခုလည်း အဲဗာတန် ကွင်းလယ်လူ အိုနာနာနဲ့ပါ သတင်းထွက်လာခဲ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် (၂၁)နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမား အိုနာနာဟာ လိုင်လီကနေ အဲဗာတန်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးသေးပြီး အခုလည်း ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်က ဒီနွေဈေးကွက်ထဲမှာ ကွင်းလယ်လူတွေဖြစ်တဲ့ ဖရက် တွမ်မီနေး နဲ့ ဗန်ဒယ်ဘိခ်တို့ကို အကုန်လုံး ရှင်းထုတ်သွားဖို့ ရှိနေပြီး သူတို့ နေရာမှာ ပြန်အစားထိုးဖို့ အိုနာနာအပြင် အမ်မရာဘတ် နဲ့ လိဒ်စ် ကွင်းလယ်လူ တိုင်လာ အဒမ်တို့ကိုပါ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ချိန်ရွယ်နေတဲ့ ကစားသမား (၃)ဦးထဲမှာ တိုင်လာ အဒမ်စ်က ချယ်လ်ဆီးကို ရောက်ရှိဖို့ နီးစပ်နေပြီဖြစ်ပြီး အမ်မရာဘတ်ကတော့ ယူနိုက်တက်နဲ့ အစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရရှိထားပါတယ်။

အခု အိုနာနာနဲ့ ထွက်ပေါ်နေတဲ့ သတင်းမှာလည်း ယူနိုက်တက်က အိုနာနာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ ဖော်ပြထားရာ ယူနိုက်တက်အနေနဲ့ ကွင်းလယ်အတွက် အမ်မရာဘတ် နဲ့ အမ်မာဒူ အိုနာနာတို့ နှစ်ယောက်ထဲက တစ်ယောက်ကိုသာ ရွေးချယ် ကမ်းလှမ်းဖို့ ရှိနေတာပါ။

ဒါကြောင့် အိုနာနာ ထက် နဂိုကတည်းက အသင်းနဲ့ သဘောတူညီမှု ရထားတဲ့ အမ်မရာဘတ်ကိုသာ ဦးစားပေး ကမ်းလှမ်းဖွယ် ရှိနေပါတယ်။