မက်ဂွိုင်းယား နဲ့ပတ်သတ်ပြီး မန်ယူ ပရိသတ်တွေ စောင့်မျှော်နေတဲ့ သတင်းကောင်း ကြားရပါပြီ
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ စောင့်မျှော်နေတဲ့ သတင်းကောင်းကတော့ ကြားရပြီ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းထံ ပေါင်သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို အာဆင်နယ်အသင်းထံ ပေါင် ၁၀၅ သန်းနဲ့ ရောင်းထုတ်ထားတာဖြစ်ပြီး မန်ယူထံကနေ မက်ဂွိုင်းယားနဲ့ တွမ်မီနေးကို ခေါ်ချင်နေတာပါ။
အခုတော့ မက်ဂွိုင်းယားအတွက် မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ဝက်စ်ဟမ်းက မက်ဂွိုင်းယားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ ဆက်လက် ဆွေးနွေးနေပြီး အဆင်ပြေရင် လာမယ့် ၂၄နာရီ အတွင်း ဆေးစစ်ဖို့ပါ ပြင်ဆင်ထားပါတယ်။
ကစားသမား ကိုယ်တိုင်ကတော့ ရာသီကြိုမှာ အသင်းပြောင်းဖို့ထက် ယူနိုက်တက်မှာ နေပြီး အစွမ်းပြဖို့ ကြိုးစားချင်သော်လည်း မှားနေကျ အမှားများ ခြေစမ်းပွဲတွေမှာ ထပ်မြင်ကာ လှောင်ပြောင်ခံနေရတာကြောင့် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဒီတကြိမ်မှာ လက်ခံဖွယ် ရှိနေပါတယ်။
နည်းပြ တန်ဟက် အနေနဲ့လည်း မက်ဂွိုင်းယား ကို ရောင်းမထွက်လို့ အသင်းမှာ ထားရရင်တောင် ဦးစားပေး ပွဲထွက်ခွင့် ပေးမှာ မဟုတ်ဘဲ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်မှ လို့ အင်္ဂလန်သား အား သတိပေးထားပြီး ဖြစ်ပါတယ်။