မက်ဂွဲရား ကို ရောင်းထုတ်ပြီးရင် အစားထိုး ပြန်ခေါ်ဖို့ မန်ယူအသင်း ပစ်မှတ်ထားနေသူ ၄ ဦး

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွဲရားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီးနောက် သူ့နေရာအတွက် အစားထိုးဖို့ ကစားသမား ၄ ဦးလောက်ကို ပစ်မှတ်ထားထားနေတယ် လို့ သိရပါတယ်။

နည်းပြ တန်ဟက်ကတော့ ရာသီသစ် မစခင် အမှီ နောက်တန်းနေရာကို အားဖြည့်ချင်နေပါတယ်။ မက်ဂွဲရား ဟာ တန်ဟက်လက်အောက်မှာ နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ရာသီကြို ပြင်ဆင်မှုမတိုင်ခင် အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်ချခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မက်ဂွဲရား ကို ပေါင်သန်း ၃၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကာ မကြာခင်မှာ အပြီးသတ် ခေါ်ယူဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း မက်ဂွဲရား ထွက်ခွာမှုက ယူနိုက်တက်နောက်တန်းနေရာအတွက် လူအင်အား လျော့ဖွယ်ရှိနေပြီး တန်ဟက်က အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်တွေခေါ်ယူချင်နေပါတယ်။

နည်းပြ တန်ဟက် က မက်ဂွဲရား ထွက်ရင် လေဗာကူဆင်စတား တက်ပ်ဆိုဘာ၊ နိုက်စ်စတား တိုဒီဘို၊ ဘိုင်ယန်စတား ပါဗက် ၊ ခရစ္စတယ်ပဲလေ့စ်စတား ဂူဟီတို့နဲ့ အစားထိုးချင်နေပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ အီဗန်ကို တစ်နှစ် စာချုပ်နဲ့ခေါ်ယူထားတယ်လို့ သိရပြီး လက်စတာအသင်းကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်ထံ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်သားက တန်ဟက်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး အသင်းနောက်တန်းအတွက် ရေတိုအစားထိုးနိုင်မှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၁ တုန်းကလည်း တက်ပ်ဆိုဘာကို ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး တော့တင်ဟမ်ကလည်း စိတ်ဝင်စားနေပါတယ်။

အသက် ၂၄ နှစ်သားဟာ ၂၀၂၀ တုန်းက ဗစ်တိုးရီးယားအသင်းထံကနေ လေဗာကူဆင်ကိုပြောင်းလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၀ ကျော် ပါဝင်ကစားပေးထားခဲ့ပါတယ်။ ဒါပမယ့် ကစားသမားရဲ့တန်ကြေးကြောင့် ယူနိုက်တက်အနေနဲ့ ဂူဟီကို အစားထိုးခေါ်ယူရဖွယ်ရှိနေပါတယ်။

တိုဒီဘိုကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပြီး ယူနိုက်တက်က ကွင်းလယ် အတွက် အမရာဘတ်ကိုလည်း ခေါ်ယူချင်နေပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ မေဆင်မောင့် ၊ အိုနာနာ ၊ ဟွိုက်လန်းတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ ပ

ယူနိုက်တက်က တနလာနေ့မှာ ကစားမယ့် ဝုဗ်ပွဲမတိုင်ခင် ခံစစ်နေရာအတွက် ညာခြေနောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။