အသင်းသားတွေ ပုန်ကန်မှာ စိုးရိမ်လာရတာကြောင့် ဆိုးရှားကို ထုတ်ဖို့ စဉ်းစားလာတဲ့ မန်ယူ
မန်စီးတီး၊ လီဗာပူးတို့နဲ့ပွဲတွေက မန်ယူအသင်းရဲ့ စိတ်ပျက်ဖွယ် ခြေစွမ်းတို့ကြောင့် ရာသီကုန်ထိတိုင်အောင် ဆိုးလ်ရှားကို ဆက်ထိန်းထားမယ့် အစီအစဉ်ဟာ သဲထဲရေသွန်သလိုဖြစ်သွားကြောင်း အင်္ဂလန် ဒေးလီးမေး သတင်းစာက ဖော်ပြလိုက်ပါတယ်။
မန်ယူနိုက်တက်ဟာ ဆိုးလ်ရှားရဲ့အနာဂါတ်ကို လာမယ့်နွေရာသီရောက်မှ ဆုံးဖြတ်ချက်လုပ်ဖို့ မျှော်လင့် ထားတာပါ။ ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံး ၂ ပွဲမှာ ခါးသီးပြိုင်ဘက်တွေကို အစစအရာရာ ရှုံးနိမ့်ခဲ့တဲ့အတွက် နော်ဝေသားနည်းပြအပေါ် ဖိအားတွေ ပုံကျလာပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ နောက်ဆုံး ၁၂ ပွဲမှာ ၆ ပွဲမြောက်ရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ပွဲမှာဆိုရင် မန်ယူဟာ ပထမပိုင်းပြီးချိန်မှာရော ပွဲအပြီးမှာပါ အသင်းပရိသတ်တွေရဲ့လှောင်ပြောင်းခြင်း ခံခဲ့ ရပါတယ်။
မန်ယူရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ဟာလည်း လက်ရှိ အခြေအနေကို စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်က အသင်းရဲ့ ဦးတည်ရာ လမ်းကြောင်းကင်းမဲ့နေမှုအပေါ် စိတ်ပျက်နေသလို စီရော်နယ်ဒို ကတော့ ကလပ်ရဲ့ အဆင့်အတန်း ပြိုလဲ ကျဆင်းသွားမှုကို ရှော့ခ်ရနေပါတယ်။
ဒါ့အပြင် မန်ယူကစားသမားတွေဟာ ပွဲကစားခွင့် သိပ်မရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ အခြေအနေ ကိုလည်း စာနာ သနားနေကြတယ်လု့ိ သတင်းတွေ ထွက်နေပါတယ်။
အခုလို ဖိအားတွေတိုးလာပေမယ့်လည်း နိုင်ငံကတာကြားဖြတ်အပြီး ဝက်ဖို့ဒ်နဲ့ကစားရမယ့်ပွဲမှာလည်း မန်ယူကို ကိုင်ရဦးမယ်လို့ ဆိုးလ်ရှားက ယုံကြည်နေကြောင်း ဂန်းဒီးယန်း သတင်းစာက ဖောြ်ပခဲ့ပါတယ်။ တဖက်မှာလည်း လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာကို မန်ယူနည်းပြ ခန့်ဖို့ နှုတ် သဘောတူညီမှု ရပြီး ဖြစ်တယ်လို့ သတင်း ထွက်နေပါတယ်။

ZG
မန္စီးတီး၊ လီဗာပူးတို႔နဲ႔ပြဲေတြက မန္ယူအသင္းရဲ႕ စိတ္ပ်က္ဖြယ္ ေျခစြမ္းတို႔ေၾကာင့္ ရာသီကုန္ထိတိုင္ေအာင္ ဆိုးလ္ရွားကို ဆက္ထိန္းထားမယ့္ အစီအစဥ္ဟာ သဲထဲေရသြန္သလိုျဖစ္သြားေၾကာင္း အဂၤလန္ ေဒးလီးေမး သတင္းစာက ေဖာ္ျပလိုက္ပါတယ္။
မန္ယူႏိုက္တက္ဟာ ဆိုးလ္ရွားရဲ႕အနာဂါတ္ကို လာမယ့္ေႏြရာသီေရာက္မွ ဆုံးျဖတ္ခ်က္လုပ္ဖို႔ ေမွ်ာ္လင့္ ထားတာပါ။ ဒါေပမဲ့ အိမ္ကြင္းေနာက္ဆုံး ၂ ပြဲမွာ ခါးသီးၿပိဳင္ဘက္ေတြကို အစစအရာရာ ရႈံးနိမ့္ခဲ့တဲ့အတြက္ ေနာ္ေဝသားနည္းျပအေပၚ ဖိအားေတြ ပုံက်လာပါတယ္။
ဆိုးလ္ရွားရဲ႕အသင္းဟာ ေနာက္ဆုံး ၁၂ ပြဲမွာ ၆ ပြဲေျမာက္ရႈံးခဲ့ရတာလည္း ျဖစ္ပါတယ္။ မန္စီးတီးနဲ႔ ပြဲမွာဆိုရင္ မန္ယူဟာ ပထမပိုင္းၿပီးခ်ိန္မွာေရာ ပြဲအၿပီးမွာပါ အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္းျခင္း ခံခဲ့ ရပါတယ္။
မန္ယူရဲ႕အဓိကကစားသမားေတြျဖစ္ၾကတဲ့ စီေရာ္နယ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ဟာလည္း လက္ရွိ အေျခအေနကို စိတ္ပ်က္ေနၾကတယ္လို႔ သိရပါတယ္။
ဖာနန္ဒက္စ္က အသင္းရဲ႕ ဦးတည္ရာ လမ္းေၾကာင္းကင္းမဲ့ေနမႈအေပၚ စိတ္ပ်က္ေနသလို စီေရာ္နယ္ဒို ကေတာ့ ကလပ္ရဲ႕ အဆင့္အတန္း ျပိဳလဲ က်ဆင္းသြားမႈကို ေရွာ့ခ္ရေနပါတယ္။
ဒါ့အျပင္ မန္ယူကစားသမားေတြဟာ ပြဲကစားခြင့္ သိပ္မရတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ရဲ႕ အေျခအေန ကိုလည္း စာနာ သနားေနၾကတယ္လု႔ိ သတင္းေတြ ထြက္ေနပါတယ္။
အခုလို ဖိအားေတြတိုးလာေပမယ့္လည္း ႏိုင္ငံကတာၾကားျဖတ္အၿပီး ဝက္ဖို႔ဒ္နဲ႔ကစားရမယ့္ပြဲမွာလည္း မန္ယူကို ကိုင္ရဦးမယ္လို႔ ဆိုးလ္ရွားက ယုံၾကည္ေနေၾကာင္း ဂန္းဒီးယန္း သတင္းစာက ေဖာျ္ပခဲ့ပါတယ္။ တဖက္မွာလည္း လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာကို မန္ယူနည္းျပ ခန္႔ဖို႔ ႏႈတ္ သေဘာတူညီမႈ ရျပီး ျဖစ္တယ္လို႔ သတင္း ထြက္ေနပါတယ္။