ပါဗတ် အတွက် မန်ယူရဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် အိုးထရက်ဖို့ဒ် ရောက်လာဖို့ နီးစပ်နေပါပြီ

ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ခံလူ ပါဗတ် အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဆုံး အကြိမ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချတော့မှာ ဖြစ် တာကြောင့် ခံစစ်ပိုင်းအားဖြည့်ဖို့ ပြင်ဆင်နေပြီး ပါဗတ် ကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပါဗတ် ကနည်းပြ အဲရစ်တန်ဟက် လိုချင်တဲ့နောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းက ပါဗတ် အတွက် စတင် ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ပယ်ချခဲ့တယ်လို့ Sky Germany သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက် အသင်းဟာ ပါဗတ် ကို ပြောင်းရွှေ့ကြေးဘယ်လောက်နဲ့ ကမ်းလှမ်းတာလဲဆိုတာ သတင်းထဲမှာ မပါဝင်ဘဲ ဘိုင်ယန်မြူးနစ် ကတော့ သူတို့ကစားသမားအတွက် အနည်းဆုံး ပေါင် (၂၆)သန်းလောက် လိုချင်နေပါတယ်။

ပါဗတ် ဟာ ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးဖြစ်သလို နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာ(၁)ရက် (သောကြာနေ့) မတိုင်ခင် နှစ်ဖက်အသင်းကြား ပြောင်းရွှေ့ကြေးကိစ္စ သဘောတူညီမှု ရဖို့သာ လိုအပ်ပါတော့တယ်။

ပါဗတ် ကိုယ်တိုင်ကလည်း ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်နည်းပြတူချယ်လ်ကတော့ ခံစစ်မှာ နေရာစုံကစားနိုင်တဲ့ ပါဗတ် ကို အသင်းမှာ ဆက်ထိန်းသွားလိုပြီး လိုက်ပ်ဇစ်နဲ့ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲမှာ ပါဗတ် ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

အသက်(၂၇)နှစ် အရွယ် ရှိပြီဖြစ်သူ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ပါဗတ် ဟာ ညာခြမ်း Full Back နေရာမှာ သာမက ခံစစ်အတွင်းလူအဖြစ်ပါ ကစားနိုင်ပြီး သူက တိုက်စစ်အားသန်တဲ့ကစားသမားဖြစ်တာကြောင့် Full Back နေရာမှာကစားရတာကို ပိုကြိုက်နှစ်သက်ပါတယ်။

ယူနိုက်တက်အသင်း ညာခြမ်း Full Back မှာ ဘစ်ဆာကာနဲ့ ဒါလော့တ်တို့ဟာ ပုံစံကောင်းပြသနိုင်ကြပေမယ့် တိုက်စစ်လိုက်ပါမှု အပိုင်းမှာ အားနည်းတာကြောင့် အဲရစ်တန်ဟက်က ပါဗတ် ကို လိုချင်နေတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပါဗတ် ရဲ့ လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်သာ ကျန်တော့သလို ပါဗတ် က စာချုပ်သစ်မချုပ်ဘဲ အသင်းက ထွက်ချင်တဲ့အတွက် ဘိုင်ယန်မြူးနစ် အသင်းဟာ လာမယ့်နှစ်နွေရာသီကျရင် အလွတ်နဲ့ မဆုံးရှုံးရအောင် ပါဗတ် ကို အခုနွေရာသီအတွင်း ရောင်းချသွားဖို့ရှိနေပါတယ်။