ဈေးကွက် မပိတ်ခင် ကစားသမားတွေ ထပ်ဝယ်ဖို့ မန်ယူ ဘုတ်အဖွဲ့အား နည်းပြ တန်ဟက် တောင်းဆို
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူလိုတယ်လို့ ပြောဆိုခဲ့ပြီး အသင်းဘုတ်အဖွဲ့အနေဖြင့် သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီမှာ မေဆင်မောင့်၊ အိုနာနာနဲ့ ဟွိုက်လန်းတို့ကို ခေါ်ယူရန် ပေါင်သန်း ၁၇၀ ဝန်းကျင်အထိ အသုံးပြုထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ကလပ်အသင်းက နွေရာသီအတွက် ပေါင်သန်း ၁၂၀ သာ အသုံးပြုခွင့် ရရှိခဲ့ပေမယ့် တိုက်စစ်မှူးအီလန်ဂါကို နော်တင်ဟမ်ဖောရက်စ်ထံ ပေါင် ၁၅ သန်းဖြင့်ရောင်းချမှု၊ ကွင်းလယ်လူဖရက်ဒ်ကို ဖီနာဘာချီထံ ပေါင် ၁၃ သန်းဖြင့်ရောင်းချမှုနဲ့ ဂိုးသမားကိုဗာတို့ကိုရောင်းချမှုတို့မှ ဘဏ္ဍာငွေပြန်လည်စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ခံလူ မက်ဂွိုင်းယား ကို ဝက်စ်ဟမ်းထံ ပေါင်သန်း ၃၀ ဖြင့် ရောင်းချဖို့ သဘောတူညီထားသလို ကွင်းလယ်လူ ဗန်ဒီဘိခ်လည်း အသင်းမှထွက်ခွာဖွယ်ရှိနေပါတယ်။ ဒီကစားသမားနှစ်ဦးရဲ့ထွက်ခွာမှုက ယူနိုက်တက်ရဲ့ကွင်းလယ်နဲ့ နောက်တန်းကို အားနည်းစေတဲ့အပြင် တိုက်စစ်မှူးအန်တိုနီမာရှယ်ကလည်း ဒဏ်ရာပြဿနာရှိနေပြန်ပါတယ်။
တန်ဟက်က နည်းပြတွေဟာ လိုချင်သလောက် ဘယ်တော့မှ အပြည့်အဝ မရတက်ဘူးဆိုတာ နားလည်ထားပေမယ့် ကစားသမားသစ်တွေတော့ ခေါ်ယူချင်သေးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
နောက်ထပ်ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ တန်ဟက်က”ကျွန်တော်လည်း ဒီထက်ပိုပြီး အမြဲတမ်းလိုချင်ပါသေးတယ်။ နည်းပြတိုင်းကလည်း ကျွန်တော့်လိုပဲဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စိတ်ဓါတ်ပိုင်းနဲ့လည်း သက်ဆိုင်ပါတယ်။
ထိပ်တန်းဘောလုံးလောကမှာ လုံးဝကို များပြားလွန်းတဲ့ တောင်းဆိုမှုတွေ အကြောင်း ဆွေးနွေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီလိုအရာမျိုးကို ကစားသမားတွေဆီက တောင်းဆိုတက်သလို သူတို့တွေကလည်း ကျွန်တော်တို့ အခုလိုတောင်းဆိုလာမယ်ဆိုတာကို မျှော်လင့်ထားခဲ့ပြီးသားပါ။
ဆက်လက်ပြီး ကျွန်တော်တို့က ပြီးပြည့်စုံတဲ့အခြေအနေကိုအမြဲတမ်းရှာဖွေနေပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့အခြေအနေကို ဘယ်တော့မှမရနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်နေရာမှာနေပြီး ကိုယ့်အလုပ်ကိုသေချာလုပ်ရင် ပြီးပြည့်စုံတဲ့အခြေအနေမရနိုင်ပေမယ့် ပြီးပြည့်စုံတဲ့ရလဒ်တွေတော့ ဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
တန်ဟက်ရဲ့ကွင်းလယ်ပိုင်းအဓိကပစ်မှတ်အဖြစ် ဖီအိုရင်တီးနားကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်ကို သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နည်းပြက အသင်းမှထွက်ခွာဖွယ်ရှိတဲ့ မက်ဂွိုင်းယား နေရာမှာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘင်ဂျမင်ပါဗက်ကို ပစ်မှတ်ထားနေပါတယ်။