ပင်နယ်တီ ကိစ္စ ပွဲဆူနေကြပေမယ့် ကျွန်တော်ကတော့ အေးဆေးပဲ ဆိုလာတဲ့ မန်ယူ ဂိုးသမား အိုနာနာ

ဝုဗ်နဲ့ ပွဲမှာ ပင်နယ်တီ ပေးရလုနီးပါး ကြုံခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိနေပေမယ့် ဘောလုံးပွဲတစ်ပွဲအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်နေတာမျိုး လုံးဝမရှိသလို အေးအေးဆေးဆေးပဲလို့ မန်ယူဂိုးသမား အန်ဒရီ အိုနာနာက ပြောပါတယ်။

မနေ့က တနင်္လာညက ကစားခဲ့တဲ့ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ နောက်ခံလူ ဗာရန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အနိုင်ရခဲ့ပြီး အဖွင့်လှခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ ပွဲပြီးခါနီးမှာ ပြိုင်ဘက် အသင်းရဲ့ ဂိုးရခွင့်ကို အိုနာနားတစ်ယောက် တားဆီးတဲ့နေရာမှာ အဝင်ကြမ်း ခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ် ရသင့်တယ်လို့ ပြောဆိုမှုတွေရှိပြီး ဂယက် ထနေပါပြီ။ ဒိုင်တွေ ကိုယ်တိုင်လည်း ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ် ဆိုတာ ပွဲ အပြီးမှာ ဝန်ခံ တောင်းပန်ခဲ့ကြလို့ ပွဲပယ် ပြစ်ဒဏ်ပါ ခံကြရမှာ ဖြစ်ပါတယ်။

ပွဲချိန် ၉၆ မိနစ်အရောက်မှာ ဝုဗ်အသင်းရဲ့ ဖြတ်တင်ဘောကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ အိုနာနာဟာ ဘောလုံးကို လုံးဝမထိဘဲနဲ့ ပြိုင်ဘက် တိုက်စစ်မှူး ကာလာဂျာဇစ်ရဲ့ လည်ပင်းကို ဖြတ်ရိုက်သလိုမျိုး ဖြစ်သွားခဲ့ တာပါ။

ဒီကိစ္စကို VAR ဆုံးဖြတ်ချက် ပြန်ကြည့်ပြီး ပင်နယ်တီ မပေးဖြစ်ခဲ့ပေမဲ့ ဒါဟာ ပင်နယ်တီပြစ်ဒဏ် ဖြစ်တယ်လို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးများ အစည်းအရုံး (PGMOL) အတည်ပြုခဲ့သလို အခွင့်ရ ဒိုင်လူကြီး တစ်ယောက်ကလည်း ဝုဗ်အသင်းနည်းပြ အိုနေးလ်အား တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုမျိုး

ဒီလို ပွဲဆူနေချိန်မှာ မန်ယူ ဂိုးသမား အိုနာနာကတော့ သိပ်ပြီး အာရုံမရှိသလို အေးအေးဆေးဆေးပဲ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

” အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော် ဘာကိုမှ မစိုးရိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးကျရင် ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်ကိုပဲ လုပ်တာ။ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ရမှာဖြစ်ပါတယ်။

တစ်ခါတလေလည်း မှားတာပေါ့နော်။ နောက်ဆုံးမှာ အမှားတွေကနေ သင်ခန်းစာယူဖို့ပဲ လိုတာ။ ဒိုင်လူကြီးတွေကို ကျွန်တော် ယုံကြည်တယ်။ သူတို့တွေ လုပ်နေရတာတွေက မလွယ်လှဘူး။

အထူးသဖြင့် အခု VAR လိုဟာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ။ ဒါဟာ ပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အေးအေးဆေးဆေးပါ။ ကျွန်တော့်အတွက်ကတော့ အခုလို နိုင်ပွဲရလို့ အရမ်းကို ပျော်ရပါတယ် ” လို့ အိုနာနာက ပွဲအပြီးမှာ MUTV ကို ပြောသွားခဲ့တာပါ။

ဒါ့အပြင် မန်ယူကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်ကို နိုင်ပွဲရလဒ်နဲ့ အတူ တာထွက်နိုင်ခဲ့တာဟာ အရမ်းကို အရေးပါတယ်လို့လည်း ကင်မရွန်း လက်ရွေးစင်က ပြောသွားခဲ့ပါတယ်။