ယူနိုက်တက် အမေ့ခံ ကြယ်ပွင့်ကို စပါးနဲ့ ပွဲထွက် လူစာရင်းမှာ ထည့်သုံးဖို့ ပရိသတ်များ တောင်းဆိုနေ
မန်ချက်စတာ ယူနိုက်တက်ပရိသတ်များ ဟာ လာမယ့် စနေနေ့ည စပါးနဲ့ ရင်ဆိုင်ကစားရမဲ့ပွဲစဉ် မန်ယူ ပွဲထွက် လူစာရင်းမှာ ဆန်ချိုအား ထည့်သွင်းရန် နည်းပြအဲရစ်တန်ဟက်အား တောင်းဆိုလာကြပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် ဝုဗ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါကြောင့်လည်း ယူနိုက်တက်အနေဖြင့် စနေနေ့ညတွင် စပါးကို အဝေးကွင်းသို့ သွားရောက်ကစားရမဲ့ ပွဲစဉ်တွင် အကောင်းဆုံးပုံစံ မရရှိလာပါက ရုန်းကန်ရမယ်လို့ အားလုံးက ဆိုနေကြပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဂယ်ရီနဗီးလ်က ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ၃ ဦးဖြစ်တဲ့ ကက်စ်မီရို၊ မေဆင်မောင့်၊ ဘရူနိုဖာနန်ဒက်စ်တို့ ၃ ဦးကို ဝေဖန်ထောက်ပြသွားပြီး ကွင်းလယ်ပြဿနာမှာ အဲရစ်တန်ဟက်အတွက် အဓိကဖြေရှင်းရမဲ့ အရာ တစ်ခုလို့ ဆိုသွားပါတယ်။
ဒါပေမဲ့ ပရိသတ်အများစုကတော့ စပါးစ်နှင့်ပွဲစဉ်တွင် ယူနိုက်တက်ပွဲထွက်လူစာရင်းတွင် ဂျာဒွန်ဆန်ချိုကို ထည့်သွင်းရန် အဲရစ်တန်ဟက်ကို တောင်းဆိုနေကြပါတယ်။
အသက် ၂၃ နှစ်ရှိ ဒေါ့မွန်စတားဟောင်းဟာ ပွဲချိန် ၆၈ မိနစ်တွင် အလီဂျန်ဒရို ဂါနာချိုအစား လူစားဝင်ရောက် ကစားခဲ့ရပါတယ်။
ဆန်ချိုဟာ မိနစ် ၂၀ စွန်းစွန်းမျှသာ ကစားခွင့်ရခဲ့ပေမဲ့လည်း ယင်းကာလ အတွင်းတွင် အကောင်းဆုံး ကစားသွားခဲ့ ပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်များက လာမယ့် စပါးစ်နှင့်ပွဲတွင် တိုက်စစ်တွင် ဝုဗ်နှင့်ပွဲတုန်းကကဲ့သို့ အန်တိုနီ၊ ဂါနာချို၊ ရက်ဖို့ဒ်အစား ဆန်ချို၊ အန်တိုနီ၊ ရက်ဖို့ဒ်အတွဲအား အသုံးပြုရန် တောင်းဆိုနေကြပါတယ်။
ဆန်ချိုဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒေါ့မွန်မှ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ပွဲ ၈၀ ကစားခဲ့ရာမှာ ၁၂ ဂိုး တည်းသာ သွင်းထားနိုင်တဲ့အပြင် ၆ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။
သူဟာ ဆက်တိုက်ခြေစွမ်းပြနိုင်ခြင်း မရှိမှုနှင့် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ် ရဲ့ ချန်လှပ်ခြင်းခံလာခဲ့ရတာ ကြာမြင့်ပြီလည်း ဖြစ်ပါတယ်။