လျော်ကြေး မရလို့ အိုးထရက်ဖို့ဒ်မှာ ကုပ်ကပ်နေသွားမယ့် မက်ဂွိုင်းယား၊ ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ လည်း ပျက်ပြယ်

မန်ချက်စတာ ယူနိုက်တက်‌ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ဟာ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ပေါင်သန်း ၃၀ တန် သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ အပြောင်းအရွှေ့ဟာ တရားဝင် ပျက်ပြယ်သွားတာကြောင့် ယူနိုက်တက်မှာပဲ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ မက်ဂွိုင်းယား သဘောတူညီမှု ပေးပြီး အပြောင်းအရွှေ့အပြီးသတ်ရန် စောင့်ဆိုင်းနေခဲ့ပေမယ့် အချိန်ကြာနေတာကြောင့် နောက်ဆုတ်သွားခဲ့တာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ယခုနွေရာသီအစောပိုင်းမှာ အာဆင်နယ်အသင်းထံ ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ရောင်းချခဲ့ပြီး ဘဏ္ဍာငွေအလုံအလောက်ရှိနေတာကြောင့် ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ယူနိုက်တက်နောက်ခံလူမက်ဂွါရီကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယား ဟာ ဝက်စ်ဟမ်းမှာ လစာ နည်းသွားမှာ ဖြစ်တာကြောင့် သူ ထွက်ရမယ် ဆိုရင် မန်ယူအသင်းထံမှ လျော်ကြေးငွေ ပေါင် ၇ သန်းတောင်းဆိုနေခဲ့တာပါ။

ဒါပေမယ့် လျော်ကြေးတောင်းတာ မအောင်မြင်ဘဲ အပြောင်းအရွှေ့ပြုလုပ်ရန်ကြန့်ကြာနေတာကြောင့် ဥရောပကွန်းဖရန့်လိဂ် ချန်ပီယံများ ဝက်စ်ဟမ်း ပြောင်းရွှေ့မှုကို တရားဝင် နောက်ဆုတ် ပယ်ဖျက် လိုက်တာဖြစ်တယ်လို့သိရှိရပါတယ်။

အပြောင်းအရွှေ့ ဖြစ်ပေါ်လာခြင်းမရှိတာကြောင့် အသက်-၃၀ နှစ်အရွယ် အင်္ဂလန်သားဟာ အိုးထရက်ဖို့ဒ်မှာပဲ ဆက်ပြီး ကုတ်ကပ်နေသွားကာ ပွဲထွက်ခွင့် အတွက် ကြိုးစားသွားတော့မှာပါ။

မန်ယူအသင်းနဲ့ တန်ဟက် အနေနဲ့လည်း မက်ဂွိုင်းယား ထွက်ခွာရင် အစားထိုးဖို့ ပါဗတ်ကို ချိတ်ဆက် ကမ်းလှမ်းနေခဲ့တာတွေကိုပါ ပြင်ဆင်ရမလား စဉ်းစားရတော့မှာ ဖြစ်ပါတယ်။