မန်ယူ ကစားသမားသစ်တွေ ဖြစ်တဲ့ အိုနာနာနဲ့ ဟွိုက်လန်းတို့ အပေါ် မှတ်ချက်ပြုသွားတဲ့ သရဲနီဟောင်းကြီး ဗီဒစ်
မန်ချက်စတာ ယူနိုက်တက် နောက်တန်း ကစားသမား ဟောင်းကြီး ဗီဒစ် က ဒီနွေမှာ နည်းပြ တန်ဟက် ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေနဲ့ ပတ်သတ်ပြီး ခုလို မှတ်ချက်စကား ပြောလာခဲ့ပါတယ်။
” ဂိုးသမား ဒီဂီယာ နေရာကို အိုနာနာ နဲ့ အစားထိုးခဲ့တာ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒီဂီယာ က ယူနိုက်တက်ရဲ့ အဓိက ကျတဲ့ နေရာမှာ နှစ်ပေါင်းများစွာ အကောင်းဆုံး နဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်ခဲ့တယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့် အိုနာနာ က ကျနော်တို့အတွက် မတူကွဲပြားတဲ့ အရာကို သယ်ဆောင်လာနိုင်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ကျနော်ထင်တယ်” လို့ ဗီဒစ်က ဆိုပါတယ်။
တိုက်စစ် ကစားသမားသစ် ဟွိုက်လန်း နဲ့ပတ်သတ်ပြီးတော့လည်း ” ကျနော် အီတလီမှာ ကစားခဲ့ပြီး သူငယ်ချင်းတွေ လည်း အများကြီးရှိခဲ့တော့ သူနဲ့ပတ်သတ်တဲ့ အကြောင်းတွေ ကောင်းကောင်း ကြားခဲ့ရတယ်။
သူက အရမ်းမြန်တယ်၊ အရမ်းလည်း ငယ်သေးတယ်၊ စိတ်ဓါတ်လည်းကောင်းတယ်။ ဒါကြောင့် သူ့မှာ တိုးတက်ဖို့ အတွက် နေရာကောင်းတွေ ရှိပါသေးတယ်။ “ လို့ ဗီဒစ်က မှတ်ချက်ပြုခဲ့ပါတယ်။
မေဆန်ေ်မာင့်၊ အိုနာနာနဲ့ ဟွိုက်လန်း တို့ကို ခေါ်ယူပြီးပေမယ့်လည်း မန်ယူ နည်းပြ တန်ဟက်ကတော့ ဈေးကွက် မပိတ်ခင်မှာ နောက်ထပ် ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်လိုနေပါတယ်။