ဒီရာသီ ဝက်စ်ဟမ်းက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပစ်မှတ်ထားပြီ ဆိုတဲ့ ဒေးဗစ် မိုယက်စ်
ဝက်စ်ဟမ်း အသင်းနည်းပြ ဒေးဗစ်မိုယက်စ် ကတော့ လီဗာပူးလ် အသင်းကို အနိုင်ရပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ဖြစ်တဲ့ အဆင့်(၄)အတွင်း ရဖို့ ပစ်မှတ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ် အသင်းရဲ့အထက်အဆင့်(၃)နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့်(၂)နေရာက မန်စီးတီးနဲ့ ရမှတ်တူသွားခဲ့တာလည်းဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ် က သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မှာမဟုတ်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ကို ပစ်မှတ်ထားတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဒေးဗစ်မိုယက်စ် ကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မလားဆိုပြီး မေးမြန်းခဲ့ရာမှာ “ကျွန်တောကတော့ ကျွန်တော် လုပ်နိုင်တာကိုပဲ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၂မှတ်ပဲ ကွာဟပြီး လွဲခဲ့တာကြောင့် ဒီရာသီ ဘာလို့ အဲဒီနေရာကို မရောက်နိုင်ရမှာလဲ။
အခုအချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ကျွန်တော်ဟာ အဲဗာတန်မှာလိုပဲ တူညီတဲ့ မန်နေဂျာတယောက်လို့ထင်မြင်မိပြီး ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ အားထုတ်ရမှာပါ။
ကျွန်တော်တို့ အားလုံးတိုးတက်အောင် ဆက်ကြိုးစားနေရမှာပါ။ အကောင်းဆုံးအချိန်တွေ လာဖို့ ရှိသေးတယ်လို့လည်း မျှော်လင့်ပြီး ယုံကြည်မှု ရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်မှာလည်း နောက်တဆင့်တက်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း (၄)ပွဲဆက်တိုက် အနိုင်ရကာ ပုံစံကောင်းတွေ ရရှိနေပါတယ်။

ZG
၀က္စ္ဟမ္း အသင္းနည္းျပ ေဒးဗစ္မိုယက္စ္ ကေတာ့ လီဗာပူးလ္ အသင္းကို အနိုင္ရၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ျဖစ္တဲ့ အဆင့္(၄)အတြင္း ရဖို႔ ပစ္မွတ္ထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။
၀က္စ္ဟမ္း အသင္းဟာ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးလ္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ လီဗာပူးလ္ အသင္းရဲ့အထက္အဆင့္(၃)ေနရာကို တက္လွမ္းနိုင္ခဲ့ၿပီး အဆင့္(၂)ေနရာက မန္စီးတီးနဲ႔ ရမွတ္တူသြားခဲ့တာလည္းျဖစ္ပါတယ္။
ေဒးဗစ္မိုယက္စ္ က သူတို႔အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚမွာမဟုတ္ေပမယ့္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ကို ပစ္မွတ္ထားတယ္လို႔ ပြဲအၿပီးမွာ ေျပာခဲ့တာပါ။
ေဒးဗစ္မိုယက္စ္ ကို ခ်န္ပီယံဆုအတြက္ စိန္ေခၚနိုင္မလားဆိုၿပီး ေမးျမန္းခဲ့ရာမွာ “ကၽြန္ေတာကေတာ့ ကၽြန္ေတာ္ လုပ္နိုင္တာကိုပဲ ေျပာခ်င္ပါတယ္။ ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ ၂မွတ္ပဲ ကြာဟၿပီး လြဲခဲ့တာေၾကာင့္ ဒီရာသီ ဘာလို႔ အဲဒီေနရာကို မေရာက္နိုင္ရမွာလဲ။
အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ အေကာင္းဆုံးပုံစံမွာ ရွိေနပါတယ္။ ကၽြန္ေတာ္ဟာ အဲဗာတန္မွာလိုပဲ တူညီတဲ့ မန္ေနဂ်ာတေယာက္လို႔ထင္ျမင္မိၿပီး ပိုေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုရင္ေတာ့ ကိုယ့္ကိုကိုယ္ပဲ အားထုတ္ရမွာပါ။
ကၽြန္ေတာ္တို႔ အားလုံးတိုးတက္ေအာင္ ဆက္ႀကိဳးစားေနရမွာပါ။ အေကာင္းဆုံးအခ်ိန္ေတြ လာဖို႔ ရွိေသးတယ္လို႔လည္း ေမၽွာ္လင့္ၿပီး ယုံၾကည္မႈ ရွိပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
၀က္စ္ဟမ္း အသင္းဟာ ယူရိုပါလိဂ္မွာလည္း ေနာက္တဆင့္တက္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း (၄)ပြဲဆက္တိုက္ အနိုင္ရကာ ပုံစံေကာင္းေတြ ရရွိေနပါတယ္။