နည်းပြ ရာထူး အတွက် ရော်ဂျာနဲ့ ရန်းနစ်၊ ရော်နယ်ဒိုကို ထိန်းချုပ်ခဲ့ပုံနဲ့ ယနေ့ မန်ယူ သတင်းတိုများ

မန်ယူနိုက်တက် အသင်း စီနီယာ ကစားသမားတွေအနေနဲ့ နည်းပြ ဆိုးလ်ရှားအပေါ် စိတ်တိုင်းမကျမှုတွေ ပိုမို ကြီးထွားလာနေကြောင်း သိရပါတယ်။ အဲဒီထဲကမှ ကွင်းလယ်လူ ဖာနန်ဒက်စ်လည်း တစ်ယောက် အဖြစ် ပါဝင်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်စတာနည်းပြ ရော်ဂျာကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ နှုတ်အားဖြင့် အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ မန်ယူအနေနဲ့ ရော်ဂျာကို အမြန်ဆုံး ခန့်အပ်လိုပေမဲ့ ရော်ဂျာကတော့ ရာသီကုန်မှသာ လက်စတာကနေ ထွက်ခွာလိုနေပါတယ်။

လိုက်ပ်ဇစ်နည်းပြဟောင်း ရန်းနစ် က မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရန်းနစ် ဟာ အရင်ကတည်းက မန်ယူနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

မန်ယူ ဂန္တဝင်ဟောင်း ရွိုင်ကိန်းက မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးက မန်ယူကို ဘောလုံးကိုင်ကစားပြီး အရုပ်တစ်ရုပ်လိုပြုမူခဲ့ကြောင်း၊ သူအနေနဲ့ လက်ရှိ မန်ယူ ကစားသမားတွေအပေါ် လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာမရတာ အချိန်ကာလတစ်ခုအထိကို ကြာမြင့်နေပြီဖြစ်တဲ့ နောက်ခံ ကစားသမား ဖီးလ်ဂျုံးစ်ကို ဝက်ဖိုဒ့် နယူးကာဆယ်နဲ့ ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီ အသင်းတွေ အပါအဝင် ကလပ် အသင်းပေါင်း (၁၃)သင်း လောက်က လာမယ့်ဆောင်းဈေးကွက်ထဲမှာ အငှား စာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့ သိရှိရပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက မန်ချက်စတာဒါဘီမှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပက် က “မန်ယူက ခံစစ်မှာ ထိုင်ပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ကစားတာပါ။ စီရော်နယ်ဒိုလို အရည်အသွေး မြင့်တဲ့ ကစားသမားလည်း ဘောလုံးမရရင် ဘာမှ မလုပ်နိုင်ဘူးဆိုတာ ကျွန်တေ်ာတို့ သိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘောလုံးကိုင်ပြီး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ”လို့ ဆိုပါတယ်။

ZG

မန္ယူနိုက္တက္ အသင္း စီနီယာ ကစားသမားေတြအေနနဲ႔ နည္းျပ ဆုိးလ္ရွားအေပၚ စိတ္တိုင္းမက်မႈေတြ ပိုမို ႀကီးထြားလာေနေၾကာငး္ သိရပါတယ္။ အဲဒီထဲကမွ ကြင္းလယ္လူ ဖာနန္ဒက္စ္လည္း တစ္ေယာက္ အျဖစ္ ပါဝင္တယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လက္စတာနည္းျပ ေရာ္ဂ်ာကို နညး္ျပအျဖစ္ ခန္႔အပ္ႏုိင္ဖုိ႔ ႏႈတ္အားျဖင့္ အႀကိဳသေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။ မန္ယူအေနနဲ႔ ေရာ္ဂ်ာကို အျမန္ဆံုး ခန္႔အပ္လိုေပမဲ့ ေရာ္ဂ်ာကေတာ့ ရာသီကုန္မွသာ လက္စတာကေန ထြက္ခြာလိုေနပါတယ္။

လိုက္ပ္ဇစ္နည္းျပေဟာင္း ရန္းနစ္ က မန္ခ်က္စတာယူႏဳိက္တက္ကို ကိုင္တြယ္ဖို႔ စိတ္၀င္စားေနေၾကာငး္ သိရပါတယ္။ ရန္းနစ္ ဟာ အရင္ကတည္းက မန္ယူနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ဖူးသူ ျဖစ္ပါတယ္။

မန္ယူ ဂႏၱ၀င္ေဟာင္း ရိြဳင္ကိန္းက မန္ခ်က္စတာဒါဘီပြဲစဥ္မွာ မန္စီးတီးက မန္ယူကို ေဘာလံုးကိုင္ကစားၿပီး အရုပ္တစ္ရုပ္လိုျပဳမူခဲ့ေၾကာငး္၊ သူအေနနဲ႔ လက္ရွိ မန္ယူ ကစားသမားေတြအေပၚ လက္ေလွ်ာ့လိုက္ၿပီ ျဖစ္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေနရာမရတာ အခ်ိန္ကာလတစ္ခုအထိကို ၾကာျမင့္ေနၿပီျဖစ္တဲ့ ေနာက္ခံ ကစားသမား ဖီးလ္ဂ်ဳံးစ္ကို ဝက္ဖိုဒ့္ နယူးကာဆယ္နဲ႔ ဝိန္း႐ြန္နီ ကိုင္တြယ္ေနတဲ့ ဒါဘီေကာင္တီ အသင္းေတြ အပါအဝင္ ကလပ္ အသင္းေပါင္း (၁၃)သင္း ေလာက္က လာမယ့္ေဆာင္းေစ်းကြက္ထဲမွာ အငွား စာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔အတြက္ စိတ္ဝင္စားေနၾကတယ္လို႔ သိရွိရပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာက မန္ခ်က္စတာဒါဘီမွာ မန္ယူတိုက္စစ္မွဴး စီေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ႏုိင္မႈနဲ႔ ပတ္သက္ၿပီး ရွင္းလင္း ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ပက္ က “မန္ယူက ခံစစ္မွာ ထိုင္ၿပီး တန္ျပန္တိုက္စစ္နဲ႔ပဲ ကစားတာပါ။ စီေရာ္နယ္ဒိုလို အရည္အေသြး ျမင့္တဲ့ ကစားသမားလည္း ေဘာလံုးမရရင္ ဘာမွ မလုပ္ႏုိင္ဘူးဆိုတာ ကၽြန္ေတ္ာတုိ႔ သိထားပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ ေဘာလံုးကိုင္ၿပီး ထိန္းခ်ဳပ္ႏုိင္ဖို႔ လုပ္ေဆာင္ခဲ့တာပါ”လို႔ ဆိုပါတယ္။