ပီအက်စ်ဂျီ ကွင်းလယ်သမား ဗာရက်တီ ကို ခေါ်ယူဖို့ မန်ယူအသင်း ကြားဝင်လာခြင်း

မန်ချက်စတာယူနိုက်တက် ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ မာကို ဗာရက်တီကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသ ခဲ့တယ် လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းကလည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အီတလီ ကွင်းလယ်ကစားသမားကို ရောင်းထုတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဗာရက်တီကလည်း အယ်လ်အလီနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့်လည်း ဆော်ဒီ ပရိုလိဂ်ကလပ်က ပီအက်စ်ဂျီတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ကို ပေးချေဖို့ သဘောတူညီမှု မရရှိသေးပါဘူး။

ဗာရက်တီဟာ ဥရောပမှာပဲ ဆက် ကစားချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ရော ဘိုင်ယန်မြူးနစ်ကပါ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ် အားဖြည့်ဖို့ အမ်မရာဘတ် ကိုလည်း ချိတ်ဆက်ထားပြီး ဈေးကွက် မပိတ်ခင် ဘယ် ကစားသမားကို ခေါ်ယူနိုင်မလဲ စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။