လမ်းပွင့်သွားတဲ့ ဂရာဗင်ဘက်ချ်၊ မာရှယ်ကို ခေါ်လိုတဲ့ အသင်းများ၊ ဖောရက်စ်နဲ့ ပွဲ ပါမယ့် ဟွိုင်လန်းနဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်း တို့ ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ဒီနွေမှာ ရောင်းချဖို့ ဘိုင်ယန်မြူးနစ်ဘက်က လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲလိုက်တဲ့ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဂျရတ် နည်းပြနေတဲ့ ဆော်ဒီကလပ် အယ် အက်တီးဖက် က စိတ်ဝင်စားနေပြီး ၎င်း အပြင် အင်တာ၊ ရိုးမား၊ အတ္တလန်တာ၊ မိုနာကို တို့ကပါ အခြေနေ စောင့်ကြည့်နေကြပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက်ဟာ မက်ဂွဲရားနဲ့ တော်မီနေးတို့ကို ရောင်းချနိုင်ခြင်း မရှိပါက လူသစ် တစ်ဦး ထပ်မံ ခေါ်ယူနိုင်ဖို့ မသေချာပါဘူး။

ဘိုင်ယန်မြူးနစ်ဟာ မန်ယူ ပစ်မှတ်ထားနေတဲ့ ခံစစ်သမား ပါဗက်ကို အင်တာမီလန်ထံ ရောင်းချသွားမှာဖြစ်ကာ အစားထိုးဖို့ လူသစ် ရှာဖွေမှု စတင်နေပါပြီ။

မန်ယူ လူငယ် ကြယ်ပွင့် ပယ်လစ်ထရီကို အငှားခေါ်ဖို့ ရှက်ဖီးယူနိုက်တက်က ကမ်းလှမ်းလာတဲ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်မှုး အန်တိုနီ မာရှယ်ကို Al Shabab အပါအဝင် ဆော်ဒီကလပ်နှစ်သင်းက ခေါ်ယူလိုကြောင်း ချိတ်ဆက် အကြောင်းကြားထားပါတယ်။

တိုက်စစ်မှုး ဟွိုင်လန်းရဲ့ ကြံ့ခိုင်မှုတိုးတက်ကောင်းမွန်လာတာကြောင့် နော်တင်ဟမ်ဖောရက်နဲ့ ပွဲစဉ် လူစာရင်းမှာ ပါလာနိုင်ဖွယ် ရှိနေပါတယ်။