ဂိုးပေါက်မှာ အိပ်ပျော်နေခဲ့သလားလို့ ဝေဖန်ခံနေပြီ ဖြစ်တဲ့ လီဗာပူး ဂိုးသမား အလီဆင်

လီဗာပူးအသင်းဟာ တနင်္ဂနွေညမှာ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး ပရိသတ်တွေဆီက ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ နည်းပြကလော့ပ်ရဲ့အသင်းကို ၃-၂ဂိုးဖြင့် နိုင်ပြီးနောက် ဝက်စ်ဟမ်း အသင်းဟာ လီဗာပူးကို ကျော်ပြီး အဆင့်၃ နေရာကို ရောက်လာပါတယ်။

ဂိုးသမား အလီဆင်အနေနဲ့ဝ က်စ်ဟမ်း ရခဲ့တဲ့ ၃ဂိုးစလုံးမှာ ဒီထက်ပိုကောင်းတဲ့ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့သင့်ပြီး ဆိုရှယ်မီဒီယာကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေ စတင် ခံနေရပါတယ်။

အလီဆင်က ပွဲ တစ်လျောက်ဆုံး အိပ်ပျော်နေခဲ့တာပါ၊ တစ်ပွဲလုံးရလဒ်က အလီဆင်ပါ ဟု ပရိသတ်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ဦးကလည်း အလီဆင် ကစားသမား သမျှ အဆိုးရွားဆုံး ပွဲဖြစ်ပြီး လက်စွမ်းက ညံ့ဖျင်းခဲ့တယ် လို့ပြောပါတယ်။

လီဗာပူးဟာ ပထမပိုင်းမှာ အလီဆင်ရဲ့အမှားကနေ ထောင့်ကန်ဘောကနေဆင့် ပေးလိုက်ရပြီးနောက် ထရန့်အလက်ဇန်းဒါးအာနိုးက လှပတဲ့ ဖရီးကစ်ပြန်သွင်းပြီး ချေပဂိုးရခဲ့လို့ပွဲဟာ ပြန်လာနိုင်မယ့်အနေအထား ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာ အိမ်ရှင်ဝက်စ်ဟမ်း အသင်းက ပိုကောင်းခဲ့ပြီး ပါဘလိုဖော်နယ်စ်ရဲ့ ကန်ချက်ကို ဂိုးသမားအလီဆင် ပေ့ါဆစွာ တားဆီးရာကနေ ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။

အဲဒီနောက် ဝက်စ်ဟမ်း နောက်ခံလူ ဇူးမားက တတိယဂိုး သွင်းယူလိုက်ချိန်မှာ လီဗာပူး အနိုင်ရဖို့ လုံးဝ ခက်ခဲသွားခဲ့ပြီး လူစားဝင်ကစားသမား အိုရီဂီက ပွဲပြီးဖို့၇မိနစ်အလိုမှာ တစ်ဂိုးပြန်သွင်းပေမယ့် အချိန်မမီတော့ပါဘူး။

ဒီနိုင်ပွဲ အပြီးမှာ ဝက်စ်ဟမ်းအနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံး ၃သင်းထဲ ရောက်လာခဲ့ပြီး ကလော့ပ်နဲ့ ၈ကြိမ်မြောက်တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့ပါတယ်။

ZG

လီဗာပူးအသင္းဟာ တနဂၤေႏြညမွာ ပထမဆုံး ပရီးမီးယားလိဂ္ရႈံးပြဲ ႀကဳံေတြ႕ခဲ့ရၿပီး ပရိသတ္ေတြဆီက ေဝဖန္မႈေတြ ျမင့္တက္လာပါတယ္။ နည္းျပကေလာ့ပ္ရဲ႕အသင္းကို ၃-၂ဂိုးျဖင့္ ႏိုင္ၿပီးေနာက္ ဝက္စ္ဟမ္း အသင္းဟာ လီဗာပူးကို ေက်ာ္ၿပီး အဆင့္၃ ေနရာကို ေရာက္လာပါတယ္။

ဂိုးသမား အလီဆင္အေနနဲ႔ဝ က္စ္ဟမ္း ရခဲ့တဲ့ ၃ဂိုးစလုံးမွာ ဒီထက္ပိုေကာင္းတဲ့ ကာကြယ္မႈေတြ လုပ္ႏိုင္ခဲ့သင့္ၿပီး ဆိုရွယ္မီဒီယာကေန ျပင္းထန္တဲ့ ေဝဖန္မႈေတြ စတင္ ခံေနရပါတယ္။

အလီဆင္က ပြဲ တစ္ေလ်ာက္ဆုံး အိပ္ေပ်ာ္ေနခဲ့တာပါ၊ တစ္ပြဲလုံးရလဒ္က အလီဆင္ပါ ဟု ပရိသတ္တစ္ဦးက ဆိုပါတယ္။ ဒါ့အျပင္ ေနာက္ထပ္တစ္ဦးကလည္း အလီဆင္ ကစားသမား သမွ် အဆိုး႐ြားဆုံး ပြဲျဖစ္ၿပီး လက္စြမ္းက ညံ့ဖ်င္းခဲ့တယ္ လို႔ေျပာပါတယ္။

လီဗာပူးဟာ ပထမပိုင္းမွာ အလီဆင္ရဲ႕အမွားကေန ေထာင့္ကန္ေဘာကေနဆင့္ ေပးလိုက္ရၿပီးေနာက္ ထရန္႔အလက္ဇန္းဒါးအာႏိုးက လွပတဲ့ ဖရီးကစ္ျပန္သြင္းၿပီး ေခ်ပဂိုးရခဲ့လို႔ပြဲဟာ ျပန္လာႏိုင္မယ့္္အေနအထား ရွိခဲ့ပါတယ္။

ဒါေပမဲ့ ဒုတိယပိုင္းမွာ အိမ္ရွင္ဝက္စ္ဟမ္း အသင္းက ပိုေကာင္းခဲ့ၿပီး ပါဘလိုေဖာ္နယ္စ္ရဲ႕ ကန္ခ်က္ကို ဂိုးသမားအလီဆင္ ေပ့ါဆစြာ တားဆီးရာကေန ဦးေဆာင္ဂိုးေပးခဲ့ရပါတယ္။

အဲဒီေနာက္ ဝက္စ္ဟမ္း ေနာက္ခံလူ ဇူးမားက တတိယဂိုး သြင္းယူလိုက္ခ်ိန္မွာ လီဗာပူး အႏိုင္ရဖို႔ လံုးဝ ခက္ခဲသြားခဲ့ၿပီး လူစားဝင္ကစားသမား အိုရီဂီက ပြဲၿပီးဖို႔၇မိနစ္အလိုမွာ တစ္ဂိုးျပန္သြင္းေပမယ့္ အခ်ိန္မမီေတာ့ပါဘူး။

ဒီနိုင္ပြဲ အျပီးမွာ ဝက္စ္ဟမ္းအေနနဲ ့ အမွတ္ေပးဇယား ထိပ္ဆုံး ၃သင္းထဲ ေရာက္လာခဲ့ၿပီး ကေလာ့ပ္နဲ႔ ၈ႀကိမ္ေျမာက္ေတြ႕ဆုံမႈမွာ ပထမဆုံးအႀကိမ္ အႏိုင္ရခဲ့ပါတယ္။