ဆာလာ က စီ ရော်နယ်ဒိုနဲ့ အဆင့်ချင်း တူတူပဲ လို့ ယုံကြည်နေတဲ့ လီဗာပူးအသင်းဖော် ဂျိုတာ

ဒီရာသီအစတည်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ လီဗာပူးတိုက်စစ်မှုး ဆာလာဟာ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့အဆင့်ကို ရောက်ရှိနေပြီ လို့ အသင်းဖော် ဂျိုတာ က ပြောဆိုလိုက်ပါတယ်။

ဂျိုတာ ဟာ ပေါ်တူဂီ အသင်းမှာ ရော်နယ်ဒို နဲ့ အတူတွဲကစားတုန်းကလည်း အလားတူ ခံစားချက်ရှိခဲ့ပြီး သူတို့နှစ်ဦးလုံးရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ဟာ တန်းတူနီးပါး ရှိတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဂျိုတာ က “ ကျွန်တော် လက်ရွေးစင် အသင်းမှာ ရော်နယ်ဒို နဲ့ ကစားခဲ့တုန်းကလည်း ဒီလိုမျိုးခံစားမှုကို ပထမဆုံးခံ စားခဲ့ရပါတယ်။ ရော်နယ်ဒို က ဒါကို အချိန်အကြာကြီး လုပ်ခဲ့ပေမယ့် ဆာလာ က သူ့ကို တူညီတဲ့ စံနှုန်းတွေနဲ့ ထားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”

“သူဟာ ကွင်းထဲမှာရှိနေရင် အန္တရယ်များပြီး အချိန်မရွေး ဂိုးသွင်းယူနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သင်ယူ နိုင်ခဲ့တာကလည်း ကျွန်တော့် အတွက် အလွန်အသုံးဝင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆာလာ ဟာ လီဗာပူးလ် အသင်းအတွက် (၁၄)ပွဲ ပါဝင်ကစားထားပြီး (၁၅)ဂိုးသွင်းယူနိုင်ခဲ့တာ အပါအဝင် သွင်းဂိုးတွေလည်း ဖန်တီးပေးနိုင်ကာ ခြေစွမ်းပြသနေတာလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ဆာလာရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ဂျိုတာ က “ သူဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတဦးပါ။ ဒီရာသီမှာ သူ့ရဲ့ နည်းစနစ်တွေ ကမ္ဘာကို ပြသနေတာလည်းဖြစ်ပါတယ်။ သူဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂိုးတွေ သွင်းယူနေတဲ့သူပါ။ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေ၊ တဦးချင်းသွင်းဂိုးတွေနဲ့ ဒါဟာ ကျွန်တော်တို့ အတွက် အထောက်အကူတွေအများကြီးဖြစ်ပါတယ်”

“သူဟာ ကျွန်တော်တို့ အတွက် ပွဲကို အဆုံးအဖြတ်ပေးနိုင်သူတဦးပါ။ ပြိုင်ဘက်တွေအနေနဲ့ လည်း သူ့ကို သတိထားဖို့ လိုတယ်ဆိုတာ သိပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်တို့ နေရာလွတ်တွေ အများကြီးရခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ပြိုင်ဘက်တွေက သူ့ကို အရမ်း စိုးရိမ်နေခဲ့လို့ပါ”လို့ ဆိုခဲ့ပါတယ်။

ZG

ဒီရာသီအစတည္းက စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားတဲ့ လီဗာပူးတိုက္စစ္မႈး ဆာလာဟာ ခရစၥတီယာနို ေရာ္နယ္ဒို ရဲ့အဆင့္ကို ေရာက္ရွိေနၿပီ လို႔ အသင္းေဖာ္ ဂ်ိဳတာ က ေျပာဆိုလိုက္ပါတယ္။

ဂ်ိဳတာ ဟာ ေပၚတူဂီ အသင္းမွာ ေရာ္နယ္ဒို နဲ႔ အတူတြဲကစားတုန္းကလည္း အလားတူ ခံစားခ်က္ရွိခဲ့ၿပီး သူတို႔နွစ္ဦးလုံးရဲ့ အရည္အေသြးနဲ႔ စြမ္းေဆာင္ရည္ဟာ တန္းတူနီးပါး ရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဂ်ိဳတာ က “ ကၽြန္ေတာ္ လက္ေရြးစင္ အသင္းမွာ ေရာ္နယ္ဒို နဲ႔ ကစားခဲ့တုန္းကလည္း ဒီလိုမ်ိဳးခံစားမႈကို ပထမဆုံးခံ စားခဲ့ရပါတယ္။ ေရာ္နယ္ဒို က ဒါကို အခ်ိန္အၾကာႀကီး လုပ္ခဲ့ေပမယ့္ ဆာလာ က သူ႔ကို တူညီတဲ့ စံႏႈန္းေတြနဲ႔ ထားနိုင္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”

“သူဟာ ကြင္းထဲမွာရွိေနရင္ အႏၲရယ္မ်ားၿပီး အခ်ိန္မေရြး ဂိုးသြင္းယူနိုင္ပါတယ္။ ဒါေတြကို ၾကည့္ၿပီး သင္ယူ နိုင္ခဲ့တာကလည္း ကၽြန္ေတာ့္ အတြက္ အလြန္အသုံး၀င္ပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဆာလာ ဟာ လီဗာပူးလ္ အသင္းအတြက္ (၁၄)ပြဲ ပါ၀င္ကစားထားၿပီး (၁၅)ဂိုးသြင္းယူနိုင္ခဲ့တာ အပါအ၀င္ သြင္းဂိုးေတြလည္း ဖန္တီးေပးနိုင္ကာ ေျခစြမ္းျပသေနတာလည္း ျဖစ္ပါတယ္။

ဒီရာသီမွာ ဆာလာရဲ့ အက်ိဳးသက္ေရာက္မႈနဲ႔ ပတ္သက္ၿပီး ဂ်ိဳတာ က “ သူဟာ ကမၻာ့အဆင့္ရွိတဲ့ ကစားသမားတဦးပါ။ ဒီရာသီမွာ သူ႔ရဲ့ နည္းစနစ္ေတြ ကမၻာကို ျပသေနတာလည္းျဖစ္ပါတယ္။ သူဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဂိုးေတြ သြင္းယူေနတဲ့သူပါ။ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးေတြ၊ တဦးခ်င္းသြင္းဂိုးေတြနဲ႔ ဒါဟာ ကၽြန္ေတာ္တို႔ အတြက္ အေထာက္အကူေတြအမ်ားႀကီးျဖစ္ပါတယ္”

“သူဟာ ကၽြန္ေတာ္တို႔ အတြက္ ပြဲကို အဆုံးအျဖတ္ေပးနိုင္သူတဦးပါ။ ၿပိဳင္ဘက္ေတြအေနနဲ႔ လည္း သူ႔ကို သတိထားဖို႔ လိုတယ္ဆိုတာ သိပါတယ္။ သူ႔ေၾကာင့္ပဲ ကၽြန္ေတာ္တို႔ ေနရာလြတ္ေတြ အမ်ားႀကီးရခဲ့ပါတယ္။ ဘာလို႔လဲဆိုရင္ ၿပိဳင္ဘက္ေတြက သူ႔ကို အရမ္း စိုးရိမ္ေနခဲ့လို႔ပါ”လို႔ ဆိုခဲ့ပါတယ္။