ဖီဖာရဲ့ ၈ လ ပွဲပယ် မိထားတဲ့ တိုက်စစ်မှုးကိုမှ ခေါ်ယူဖို့ ဆက်သွယ် စကားပြောနေတဲ့ မန်ယူ အသင်း
သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘရန့်ဖို့ဒ် အသင်းမှ အင်္ဂလန် တိုက်စစ် ကစားသမား တိုနေး ကို ခေါ်ယူဖို့ ဆက်သွယ် စကားပြောထားပြီ ဖြစ်ပါတယ်။
တိုက်စစ်မှုး မာရှယ် ရဲ့အနာဂတ် မတည်ငြိမ်တဲ့အခြေအနေမှာ မန်ယူအသင်းက နောက်ထပ် အထောင် တိုက်စစ် ကစားသမား စစ်စစ် တစ်ယောက်ကို ခေါ်ယူနိုင်ဖို့ စဉ်းစားနေပြီး အိုင်ဗန် တိုနေးကို မျက်စိ ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ် ကစားသမား တိုနေးကို မန်ချက်စတာ ယူနိုက်တက် အပြင် အခြား အင်အားကြီး အသင်းတွေကလည်း အထူးစိတ်ဝင်စား နေကြတာ ဖြစ်ပြီး ကစားသမားကလည်း ဂိုး အဆုံးသတ် သေချာမှုအပိုင်းမှာ စွမ်းဆောင်ရည် ကောင်းတွေကို ပြသ ထားတာပါ။
ဒါပေမယ့် လောလောဆယ်မှာတော့ တိုနေးဟာ လောင်းကစားမှုနဲ့ ဖီဖာရဲ့ အရေးယူခံထားရပြီး ၈ လ ကြာ ဘောလုံး ကစားခွင့် မရှိ ဖြစ်နေပါတယ်။
ထို ပြစ်ဒဏ်ဟာ ဇန်နဝါရီ ၁၇ မှာ လွတ်ကင်းမှာ ဖြစ်လို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် ရောက်တာနဲ့ ချက်ချင်း ခေါ်ယူ နိုင်ဖို့ အတွက် စဉ်းစား နေတာလည်း ဖြစ်ပါတယ်။