ပြိုင်ဘက်အသင်းကြီးတွေဘက် ဂိုးမသွင်းနိုင်သေးဘဲ မန်ယူမှာ ရုန်းကန်နေရတဲ့ စီ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် ၈ ပွဲ ကစားပေးထားပြီး ၄ ဂိုး သွင်းယူပေးထားကာ ၁ ကြိမ် ဖန်တီးပေးထားပါတယ်။ အချက်အလက် အရ ရော်နယ်ဒို ဂိုးသွင်းနှုန်းက ကောင်းမွန်ပေမယ့် ပြိုင်ဘက်အသင်းကြီးတွေဘက် တစ်ဂိုးမှ မသွင်းနိုင်သေးတာ ပြောစရာ ဖြစ်လာနေပါတယ်။
ရော်နယ်ဒို ကစားပေးထားတဲ့ ၈ ပွဲကတော့ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ ဗီလာ၊ အဲဗာတန်၊ လက်စတာ၊ လီဗာပူးလ်၊ စပါး၊ မန်စီးတီးတို့နဲ့ ဖြစ်ပါတယ်။ အဲဒီထဲကမှ နယူးကာဆယ်ကို ၂ဂိုး၊ ဝက်စ်ဟမ်းနဲ့ စပါးကို တစ်ဂိုးစီ ရော်နယ်ဒိုသွင်းယူ နိုင်ခဲ့ပြီး ကျန်ပွဲတွေမှာတော့ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။
စပါးနဲ့ပွဲမှာ လှပတဲ့ ကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့တယ်ဆိုပေမယ့် စပါးက အဘက်ဘက်ချွတ်ချုံကျနေတဲ့ အသင်းဖြစ်နေပါတယ်။ မာကျောတဲ့အသင်းဖြစ်တဲ့ လက်စတာ၊ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ သူ ဂိုးပေါက် ပျောက်ခဲ့တာက မဖြစ်မနေ ထည့်စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။
၇ ပွဲအထိ ပွဲထွက်ကစားခဲ့ရပြီး ၁ ပွဲက လူစားဝင်ကစားပေးခဲ့ရကာ ၆၆၄ မိနစ်အထိ ကစားပေးထားလို့ ၁၆၁ မိနစ်မှာမှ တစ်ဂိုးနှုန်း ရရှိနေတာဖြစ်လို့ ဒီမှတ်တမ်းက နည်းနည်းတော့ လိုအပ်နေသေးတယ်လည်း ဆိုနိုင်ပတါယ်။
လီဗာပူးလ်၊ မန်စီးတီးနဲ့ပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက်က တစ်ဂိုးမှမရခဲ့တဲ့အပြင် ပြိုင်ဘက်အသင်းကို ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု အကြိမ်ကလည်း ၅ကြိမ်တောင် မပြည့်ခဲ့ပါဘူး။
မန်စီးတီးနဲ့ပွဲမှာဆိုရင် တစ်ကြိမ်တည်းသာ ဂိုးပေါက်တည့်ခဲ့ပြီး ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံးထိချက်က ၄ ကြိမ်သာရှိခဲ့တာပါ။ ရော်နယ်ဒိုကို တိုက်စစ်မြှားဦးအဖြစ်နဲ့ ဆိုးလ်ရှားက အသုံးပြုနေပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှု မရတဲ့အချိန်မှာ သူ ရုန်းကန်နေရတယ်ဆိုတာ ထင်ရှားပါတယ်။
မန်စီးတီးနဲ့ပွဲအပြီးမှာ အဘွန်လဟော်က – “ရော်နယ်ဒို လိုချင်တာက ဒီဘရိုင်းလို ဖြတ်တင်ဘော ပေးပို့နေတဲ့ မန်စီးတီးလိုအသင်းပါ၊ အခုတော့ သူက ပထမလူကိုတောင် ကျော်အောင် ကန် မတင်နိုင်တဲ့ ဝမ်ဘစ်စ်ကာဖြစ်နေတယ်၊ ဒါတွေက သူ့အတွက်စိတ်ပျက်စရာပါ၊ ဒီဘရိုင်းကို သူ ဒေါသတကြီးနဲ့ ဖျက်ထုတ်ခဲ့တယ်၊ ဒါက ရော်နယ်ဒိုရဲ့ ပုံစံမှမဟုတ်တာ” လို့ ထောက်ပြ သွားခဲ့ပါတယ်။
ဖာနန်ဒက်စ်က ဖန်တီးပေးနိုင်တယ် ဆိုပေမယ့် အသင်းက ကွင်းလယ်ပိုင်း မလွှမ်းမိုးနိုင်ရင် ရော်နယ်ဒိုက ဘာမှလုပ်မရပါဘူး ဆိုတာ ခုချိန်မှာ မြင်သာလာနေပြီ ဖြစ်ပါတယ်။

ZG
ခရစၥတီယာႏို ေရာ္နယ္ဒိုက ဒီရာသီ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ၈ ပြဲ ကစားေပးထားၿပီး ၄ ဂိုး သြင္းယူေပးထားကာ ၁ ႀကိမ္ ဖန္တီးေပးထားပါတယ္။ အခ်က္အလက္ အရ ေရာ္နယ္ဒို ဂိုးသြင္းႏႈန္းက ေကာင္းမြန္ေပမယ့္ ျပိဳင္ဘက္အသင္းၾကီးေတြဘက္ တစ္ဂိုးမွ မသြင္းနုိင္ေသးတာ ေျပာစရာ ျဖစ္လာေနပါတယ္။
ေရာ္နယ္ဒို ကစားေပးထားတဲ့ ၈ ပြဲကေတာ့ နယူးကာဆယ္၊ ဝက္စ္ဟမ္း၊ ဗီလာ၊ အဲဗာတန္၊ လက္စတာ၊ လီဗာပူးလ္၊ စပါး၊ မန္စီးတီးတို႔နဲ႕ ျဖစ္ပါတယ္။ အဲဒီထဲကမွ နယူးကာဆယ္ကို ၂ဂိုး၊ ဝက္စ္ဟမ္းနဲ႔ စပါးကို တစ္ဂိုးစီ ေရာ္နယ္ဒိုသြင္းယူ ႏိုင္ခဲ့ၿပီး က်န္ပြဲေတြမွာေတာ့ ဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။
စပါးနဲ႔ပြဲမွာ လွပတဲ့ ကန္သြင္းခ်က္နဲ႔ ဂိုးရယူႏိုင္ခဲ့တယ္ဆိုေပမယ့္ စပါးက အဘက္ဘက္ခြၽတ္ခ်ဳံက်ေနတဲ့ အသင္းျဖစ္ေနပါတယ္။ မာေက်ာတဲ့အသင္းျဖစ္တဲ့ လက္စတာ၊ လီဗာပူးလ္၊ မန္စီးတီးတို႔နဲ႔ပြဲေတြမွာ သူ ဂိုးေပါက္ ေပ်ာက္ခဲ့တာက မျဖစ္မေန ထည့္စဥ္းစားရမယ့္ အခ်က္ ျဖစ္ပါတယ္။
၇ ပြဲအထိ ပြဲထြက္ကစားခဲ့ရၿပီး ၁ ပြဲက လူစားဝင္ကစားေပးခဲ့ရကာ ၆၆၄ မိနစ္အထိ ကစားေပးထားလို႔ ၁၆၁ မိနစ္မွာမွ တစ္ဂိုးႏႈန္း ရရွိေနတာျဖစ္လို႔ ဒီမွတ္တမ္းက နည္းနည္းေတာ့ လိုအပ္ေနေသးတယ္လည္း ဆိုနုိင္ပတါယ္။
လီဗာပူးလ္၊ မန္စီးတီးနဲ႔ပြဲေတြမွာ မန္ခ်က္စတာ ယူႏိုက္တက္က တစ္ဂိုးမွမရခဲ့တဲ့အျပင္ ၿပိဳင္ဘက္အသင္းကို ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္မႈ အႀကိမ္ကလည္း ၅ၾကိမ္ေတာင္ မျပည့္ခဲ့ပါဘူး။
မန္စီးတီးနဲ႔ပြဲမွာဆိုရင္ တစ္ႀကိမ္တည္းသာ ဂိုးေပါက္တည့္ခဲ့ၿပီး ၿပိဳင္ဘက္ ဧရိယာထဲမွာ ေဘာလုံးထိခ်က္က ၄ ႀကိမ္သာရွိခဲ့တာပါ။ ေရာ္နယ္ဒိုကို တိုက္စစ္ျမႇားဦးအျဖစ္နဲ႔ ဆိုးလ္ရွားက အသုံးျပဳေနေပမယ့္ လုံေလာက္တဲ့ ေထာက္ပံ့မႈ မရတဲ့အခ်ိန္မွာ သူ ႐ုန္းကန္ေနရတယ္ဆိုတာ ထင္ရွားပါတယ္။
မန္စီးတီးနဲ ႔ပြဲအၿပီးမွာ အဘြန္လေဟာ္က – “ေရာ္နယ္ဒို လိုခ်င္တာက ဒီဘ႐ိုင္းလို ျဖတ္တင္ေဘာ ေပးပို႔ေနတဲ့ မန္စီးတီးလိုအသင္းပါ၊ အခုေတာ့ သူက ပထမလူကိုေတာင္ ေက်ာ္ေအာင္ ကန္ မတင္ႏိုင္တဲ့ ဝမ္ဘစ္စ္ကာျဖစ္ေနတယ္၊ ဒါေတြက သူ႔အတြက္စိတ္ပ်က္စရာပါ၊ ဒီဘ႐ိုင္းကို သူ ေဒါသတႀကီးနဲ႔ ဖ်က္ထုတ္ခဲ့တယ္၊ ဒါက ေရာ္နယ္ဒိုရဲ႕ ပုံစံမွမဟုတ္တာ” လို႔ ေထာက္ျပ သြားခဲ့ပါတယ္။
ဖာနန္ဒက္စ္က ဖန္တီးေပးႏိုင္တယ္ ဆိုေပမယ့္ အသင္းက ကြင္းလယ္ပိုင္း မလႊမ္းမိုးႏိုင္ရင္ ေရာ္နယ္ဒိုက ဘာမွလုပ္မရပါဘူး ဆိုတာ ခုခ်ိန္မွာ ျမင္သာလာေနျပီ ျဖစ္ပါတယ္။