ဒီည မန်ယူ – နော့တင်ဟမ် ဖောရက်စ် ပွဲက ဘယ်လိုရလဒ် ထွက်မလဲ ပေါမာဆန်ကြီး ကြိုတင် ခန့်မှန်းချက် ထုတ်
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ နော့တင်ဟမ် ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၈ နာရီခွဲ အချိန် ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ယူနိုက်တက်နဲ့ ဖောရက်စ် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန် ပွဲကြို သုံးသပ်ချက်
ကျနော် ယူနိုက်တက်ကသူတွေ အတွက် စိတ်ပူမိပါတယ်။ သူတို့ ရာသီစတင်လာတာ သိပ်မကောင်းပါဘူး။ သူတို့က အသင်းကြီး တစ်သင်းအတွက် ကစားနေတာမို့ လူတိုင်းက ကိစ္စတိုင်းကို လိုက်ပြီး အကဲဖြတ်နေမှာပါ။
အချို့ပွဲတွေမှာ မောင့်နဲ့ ဖာနန်ဒက်စ်လို ကစားသမားတွေ လိုတယ်ဆိုပေမယ့် အချို့ပွဲတွေမှာ တော်မီနေးလိုလူကို လိုအပ်ပါတယ်။ ယူနိုက်တက်က ကွင်းလယ်မှာ လွှမ်းမိုးခံနေရတာဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
ကာဆီမီရိုက အတူတွဲကစားဖို့ လိုပါတယ်။ ဒီတလော သူအကောင်းဆုံး မကစားနိုင်ဘဲ ရုန်းကန်နေရပါတယ်။ ယူနိုက်တက် တို့ ကစားပုံ ကောင်းမနေဘူး။ နည်းပြကလည်း သူတို့ရဲ့ အကောင်းဆုံး အသင်းကို အခုချိန်ထိ မသိသေးပါဘူး။
ဖောရက်စ်က ကောင်တာကို မြန်မြန်ဆန်ဆန် ကစားနိုင်ပြီး ယူနိုက်တက်ရဲ့ ခံစစ်က ထိခိုက်လွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်ကွင်းမှာ ဖောရက်စ်ကို ရင်ဆိုင်ကစားပြီူ ယူနိုက်တက်တို့ အနိုင်ရသင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၃-၁ ဖောရက်စ်။