ကန်တေနဲ့ ပူလီဆစ်ကို တူချယ် စိုးရိမ်ခြင်း၊ ပြန်ကောင်းလာတဲ့ လူကာကူနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးနည်းပြတူချယ်က ကန်တီနဲ့ ပူလီဆစ်တို့ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာရသွားမှာ စိုးရိမ်မိကြောင်း၊ သူတို့အသင်းက ကစားသမားတွေ လက်ရွေးစင်မှာ ရွေးချယ်ခံရတာ ပျော်ရွှင်မိ ပေမယ့် တစ်ဖက်မှာလည်း ကစားသမားတွေကို အနားရစေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါအနေနဲ့ လာလီဂါထိပ်သီးကလပ် ရီးရဲကိုပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ လက်ရှိမှာ ရူဒီဂါအနေနဲ့ ရီးရဲကိုပြောင်းရွှေ့ဖို့ အလေးအနက်ဆွေးနွေးနေပြီး ဇန်နဝါရီမှာ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူသင့်ကြောင်း ချဲလ်ဆီး ဂန္ထဝင် နောက်ခံလူဟောင်း ဂျွန်တယ်ရီက တိုက်တွန်းလိုက်ပြီး ရိုက်ဟာ သူ့နေရာမှာတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ချီးကျူးခဲံပါတယ်။

ပဲလေ့စ်နည်းပြ ဗီအဲရာက ချဲလ်ဆီးကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်ကြယ်ပွင့် ဂလဲဟား အနေနဲ့ လက်ရှိမှာ သူ့ကိုယ်သူ ယုံကြည်ချက် အလွန်မြင့်မားလျက်ရှိနေကြောင်း၊ ဂလဲဟား ရဲ့ ခြေစွမ်းဟာ တောက်ပ လွန်းနေကာ ခွန်အားပြည့်ဝကြောင်း ချီးကျူးခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီးနဲ့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တို့က ရေပန်းစားကြောင်း ဂျာမနီဂန္ထဝင် မာတီးယက်စ်က သုံးသပ်ခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်မူှး လူကာကူ အနေနဲ့ အခုအခါ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ဒဏ်ရာ အခြေအနေ ဟာ ထင်မှတ်ထားတာ ထက် လျင်မြန်စွာ သက်သာလာဖွယ် ရှိနေပါတယ်။

ZG

ခ်ဲလ္ဆီးနည္းျပတူခ်ယ္က ကန္တီနဲ႔ ပူလီဆစ္တုိ႔ ႏုိင္ငံတကာပဲြစဥ္ေတြမွာ ဒဏ္ရာရသြားမွာ စိုးရိမ္မိေၾကာင္း၊ သူတုိ႔အသင္းက ကစားသမားေတြ လက္ေရြးစင္မွာ ေရြးခ်ယ္ခံရတာ ေပ်ာ္ရႊင္မိ ေပမယ့္ တစ္ဖက္မွာလည္း ကစားသမားေတြကို အနားရေစလိုေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါအေနနဲ႔ လာလီဂါထိပ္သီးကလပ္ ရီးရဲကိုေျပာင္းေရႊ႕လိုေနေၾကာင္း သိရပါတယ္။ လက္ရွိမွာ ရူဒီဂါအေနနဲ႔ ရီးရဲကိုေျပာင္းေရႊ႕ဖုိ႔ အေလးအနက္ေဆြးေႏြးေနၿပီး ဇန္န၀ါရီမွာ အႀကိဳ သေဘာတူညီမႈ စာခ်ဳပ္ ခ်ဳပ္ဆိုသြားဖြယ္ ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္ကို ေခၚယူသင့္ေၾကာငး္ ခ်ဲလ္ဆီး ဂႏၳ၀င္ ေနာက္ခံလူေဟာငး္ ဂၽြန္တယ္ရီက တိုက္တြန္းလိုက္ျပီး ရိုက္ဟာ သူ႔ေနရာမွာေတာ့ ကမာၻ႕ အေကာင္းဆံုး ကစားသမားျဖစ္ေၾကာင္း ခ်ီးက်ဴးခဲံပါတယ္။

ပဲေလ့စ္နညး္ျပ ဗီအဲရာက ခ်ဲလ္ဆီးကေန အငွားေခၚယူထားတဲ့ ကြင္းလယ္ၾကယ္ပြင့္ ဂလဲဟား အေနနဲ႔ လက္ရွိမွာ သူ႔ကိုယ္သူ ယံုၾကည္ခ်က္ အလြန္ျမင့္မားလ်က္ရွိေနေၾကာင္း၊ ဂလဲဟား ရဲ႕ ေျခစြမ္းဟာ ေတာက္ပ လြန္းေနကာ ခြန္အားျပည့္၀ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္ဖလားကို ရယူႏုိင္ဖို႔ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လီဗာပူး၊ ခ်ဲလ္ဆီး၊ မန္စီးတီးနဲ႕ ဂ်ာမန္ ထိပ္သီးကလပ္ ဘုိင္ယန္ျမဴးနစ္တုိ႔က ေရပန္းစားေၾကာငး္ ဂ်ာမနီဂႏၳ၀င္ မာတီးယက္စ္က သံုးသပ္ခဲ့ပါတယ္။

ခ်ဲလ္ဆီး တုိက္စစ္မဴွး လူကာကူ အေနနဲ႔ အခုအခါ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ၿပီး ဒဏ္ရာ အေျခအေန ဟာ ထင္မွတ္ထားတာ ထက္ လ်င္ျမန္စြာ သက္သာလာဖြယ္ ရွိေနပါတယ္။